Main menu

Background

မကွေးဈေးကွက်မှာ ပဲတီစိမ်းအရောင်းအဝယ်နည်းပြီး ပဲစင်းငုံနီ(သစ်)ကို အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိကာ နှမ်းမျိုးစုံဈေးမြင့်

Mon, 01/21/2013 - 06:37 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ်  ပဲတီစိမ်းနယ်စုံမှ အဝင်နည်း လာသလို ရောင်းလက်များ ကလည်း ဈေးကွက်ေ မျှာ်လင့်ချက်နဲ့ အ ရောင်းနည်းတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏတွေ လျော့ နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၀၅ ကျပ်(တစ်တန်ကို ၆၇၆၆၉၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀ မှ ၁၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(သစ်) ကိုတော့ ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်များ က ဈေးချအဝယ်ရှိ ပေမယ့် အရောင်းအဝယ်က ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့သိရ ပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဆီစက်တွေ ဝယ်လိုအားပုံမှန်ရှိတာေ ကြာင့် ဈေးအနည်း ငယ်မြင့်လာကြောင်း သိ ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၃၃၅ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၈၀ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၉၀ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၇၈၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။