ကုန်သွယ်မှုပြုလုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုများ သည် တရားဝင် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အတား အဆီးသဖွယ်ဖြစ်နေသဖြင့် ကုန်သွယ်မှုလမ်းကြောင်းမှန်ပေါ် သို့ရောက်ရှိရန် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ရန် ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၉ ရက်နေ့ ၀၉း၀၀ နာရီအချိန်တွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ရုံးခန်းမ၌ စားသုံးသူအကာ အကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုလျော့နည်း ပပျောက်ရေး Mobile Team ဆောင်ရွက်မည့်လုပ်ငန်း ညှိ နှိုင်းအစည်း အဝေးကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးတွင် မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်အောင် မှ ပြော ကြားရာမှာ Mobile Team အဖွဲ့ကိုနယ်စခန်းမှထုတ်နုတ် အင်အားဖြင့် ဖွဲ့စည်းပြီးတရားမဝင် ကုန်သွယ်မှုများကို ထိန်း ချုပ်နိုင်ရန် လက်လှမ်းမီတဲ့နေရာများ၊ ရှောင်ကွင်းလမ်း၊ ရေ ယာဉ်နားသည့်ဆိပ်ကမ်းဒေသများရှိ ဂိုဒေါင်များ တွင် Spot Check, Counter Check စနစ်ဖြင့်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ရန်နဲ့ စီးပွားရေး ကောင်းမွန်ရန်၊ တရားနည်းလမ်းတကျ ကုန်သွယ်မှုပြုလုပ်နိုင်ရန် အခွန် အတုတ်များထမ်းေ ဆာင်ရန်၊ နိုင်ငံတော်သို့ မှန်ကန်စွာ အခွန် အခများပေးဆောင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကောင်းများဖြစ် ရန်အတွက် တစ်ဦးချင်း မိမိတို့ ဆောင်ရွက်တဲ့ လုပ်ငန်းအပေါ် အခွန်အခများပေးဆောင် ရမှာဖြစ်ပါကြောင်း၊ အခက်အခဲများ ရှိပါက လာရောက်တင်ပြနိုင်ကြောင်း၊ လမ်းကြောင်းမှန်ပေါ်မှ ကုန်သွယ်မှု လုပ်ငန်းများမေ ဆာင်ရွက်ပါက Mobile Team ဖြင့်တားဆီးရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါ တယ်။ ဆက်လက်ပြီးမြိတ်နယ်စပ်စခန်းတာဝန်ခံမှ Mobile Team ကို စခန်းအနီးတစ်ဝိုက်စစ်ဆေးဆောင်ရွက်မဲ့ လုပ်ငန်း စီမံချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး Mobile Team ဆောင်ရွက်မှုမှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်အထိ ပညာပေးကာလဖြစ်ကြောင်း၊ ၂၀ ရက်နေ့နောက် ပိုင်း တရားမဝင် ပစ္စည်းများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်ကြောင်း၊ ပြည်သူလူထု ထိခိုက်မှု ကိုရှောင်ရှားပြီး နိုင်ငံတော် အခွန်ဘဏ္ဍာရရှိရေးမှာ အားလုံး တွင်တာဝန်ရှိသဖြင့် ပူးပေါင်းပါဝင်လာရန် လိုအပ်ပါကြောင်း၊ ဒေသအာဏာပိုင်နှင့် MCCI တို့ညှိနှိုင်းဆောင်ရွက်ပြီး အသင့်ဖြစ်လျှင်ဆောင်ရွက်မှာဖြစ်ပြီး လမ်းကြောင်းမှန်ပေါ်သို့ ရောက်အောင် ပြုပြင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်း လင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ Mobile Team စီမံချက်သည် တစ်ဦးတစ်ယောက် အပေါ် နစ်နာစေလိုမှု မရှိဘဲ နိုင်ငံတော်တစ်ခုလုံး၊ ဒေသတစ်ခု လုံးတိုးတက်အောင်ဆောင် ရွက်ခြင်းဖြစ်တဲ့အတွက် ကုမ္ပဏီ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မြိတ် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ မြို့နယ် အုပ် ချုပ်ရေးမှူးဦးသိန်းဝင်းမှပြောကြားခဲ့ပါတယ်။ မြိတ်ဒေသဟာတစ်နိုင်ငံလုံးရဲ့ ရေထွက်ပစ္စည်းအများဆုံး တင်ပို့သောဒေသဖြစ်ကြောင်း၊ ကော့သောင်း Check Point တွင်မည်သည့်ဒေသမှလာတဲ့ပစ္စည်းမဆို စစ်ဆေးလျက်ရှိ ကြောင်း၊ ပို့ကုန်ငါးဖမ်းရေယာဉ်များ ကော့သောင်း Check Point တွင် စစ်ဆေးခံရမှာဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်ဆွေ မှဆွေးနွေး ပြောကြား ခဲ့တယ်လို့သိရပါတယ်။ မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဇန်နဝါရီလ နောက်ဆုံးထားဖွင့်လှစ်မှာဖြစ်ပြီး မောတောင် စခန်းဖွင့် လှစ်ပါကလည်း Individual Trading Card များထုတ်ခြင်း ကို ဆောင်ရွက်ပေးသွားမယ်လို့ သိရှိရပါတယ်။ှSource:နကသ(မြိတ်)၊စပါယ်