Main menu

Background

မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၆၀ ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့

Mon, 01/21/2013 - 06:42 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းဟာ ဒီဇင်ဘာလတွင် ပို့ကုန် ကန်ဒေါ်လာ ၁၇၃ ဒသမ ၂၇၃ သန်း သွင်းကုန် ကန်ဒေါ်လာ ၁၀၅ ဒသမ ၄၈၄ သန်း ကုန်သွယ်မှုပမာဏ ၂၇၈ ဒသမ ၇၅၇ သန်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလထက် ပို့ကုန် ကန်ဒေါ်လာ ၅၄ ဒသမ ၇၇၃ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၆ ဒသမ ၈၄၀ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သောကြောင့် ကုန် သွယ်မှု ပမာဏ ကန်ဒေါ်လာ ၆၁ ဒသမ ၆၁၃ သန်းပိုမိုခဲ့ပါ တယ်။

ပု့ိကုန်ပိုင်းတွင် လယ်ယာထွက်ကုန်ဖြစ်သော ဆန်၊ ပဲတီ စိမ်း၊ နှမ်းမျိုးစုံ၊ ပြောင်းဖူးစေ့၊ မြေပဲ၊ ရော်ဘာတို့ တင်ပို့နိုင်ခဲ့ပါ တယ်။ ဆန်၊ ပဲတီစိမ်း၊ ပြောင်းဖူးစေ့များ ထွက်ပေါ်ချိန်ဖြစ်၍ တင်ပို့မှုပိုမိုခဲ့ပါတယ်။ တရုတ်နိုင်ငံ သည် မော်တော်ကား တာယာထုတ်လုပ်မှုတွင် အကြီးဆုံးဈေးကွက်အား ပိုင်ဆိုင် ထားခြင်း၊ စက်ဘီးနှင့်မော်တော် ဆိုင်ကယ်တာယာများ၊ အခြားရော်ဘာထုတ်ပစ္စည်းများ ထုတ်လုပ်မှုများရှိနေခြင်း တို့ ကြောင့် မြန်မာနိုင်ငံမှ တင်ပို့သမျှသော ရော်ဘာများကို တရုတ်ဘက်တွင် အဝယ်ရှိပြီး တစ်တန် ပေါက်ဈေးမှာ (၁၇၀၀၀-၁၈၀၀၀) ယွမ်ရှိတယ်လို့ သိရပါတယ်။ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် ငါးပူတင်းရေခွံ၊ ပင်လယ် မျှော့ခြောက်၊ ငါးလိပ်ကျောက်ရေခွံခြောက်၊ ငါးရှဉ့်၊ ခရု အသားခြောက်၊ ကဏန်း၊ ပုစွန်ခြောက်တို့တင်ပို့မှု ပိုမိုခဲ့ပါ တယ်။ သစ်တောထွက် ပစ္စည်းအုပ်စုတွင် ဆေးမြင်းခွာ၊ ချိပ်၊ ရှားစေး၊မှိုခြောက်၊ မျှစ်ခြောက်၊ မျှစ်စို၊ ပိတောက်မြစ်တို့ တင်ပို့ ခဲ့တာဖြစ်ပါတယ်။ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင် ကျောက်စိမ်းအရိုင်း၊ Antimony Ores, Lead Concentrate, ခဲသတ္တုရိုင်းနှင့် အင်ကြင်းကျောက်တို့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စက်မှုကုန် ခြောက်ပစ္စည်းအုပ်စုတွင် သကြားညို၊  စကျင် ကျောက် ဆင်း တု၊ ကြံသကာများ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အခြားအုပ်စုတွင် လည်း ပလပ်စတစ်ဖြတ်စ၊ ဆံပင်၊Draw Back,  ပလပ်စတစ် ဆားကစ်ဖြတ်စ၊ သားရေဖြတ်စ၊ သံဖျော်ရည်ဘူးခွံအဟောင်း၊ ဘလောက်တုံးတို့ ပိုမိုတင်ပို့လာတာေ တွ့ရပါတယ်။ မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်များမှာ လယ်ယာထွက် ကုန်များဖြစ်ခြင်းကြောင့် တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင် အရည်အသွေးကောင်းမွန်၍ စံချိန်စံညွှန်းမီသော စိုက်ပျိုးရေး ထွက်ကုန်များတင်ပို့နိုင်ရန်မှာ များစွာ အရေးကြီးပါတယ်။ အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် သတ်မှတ်ထားတဲ့ သီးနှံတစ်ခုချင်း အလိုက်  (Specification )  မကိုက်ညီမှုများမဖြစ်စေရေးနဲ့ သီးနှံများတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေးတို့အတွက် မျိုး ကောင်း မျိုးသန့်သုံးစွဲခြင်းဖြင့် ထိန်းသိမ်းရပါမယ်။ ထိုသို့ ထိန်းသိမ်းမှသာ တရုတ်ဈေးကွက်မှာ မိမိဈေးကွက် မပျောက် ဘဲ ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။ သွင်းကုန်ပိုင်းပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများတွင် မီးရထားနှင့်မီးရထားပစ္စည်း များ၊ မော်တော်ယာဉ်နှင့် မော် တော် ယာဉ်အပိုပစ္စည်းများ၊ အင်ဂျင်များ၊ ရုပ်မြင်သံကြားစက် များ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက် လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်  အပိုပစ္စည်းများ တင်သွင်းခဲ့ပါတယ်။ လုပ်ငန်းသုံးပစ္စည်းတွင် ရော်ဘာကုန် ကြမ်းများ၊ ကုန်ထုတ်စက္ကူများ၊ ပလတ်စတစ်များ တင်သွင်း ခဲ့ပါတယ်။ လူသုံးပစ္စည်းတွင်လည်း နို့မှုန့်၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ ချုပ်ပြီး အထည်များ တင်သွင်းခဲ့ ပါတယ်။ ဒါ့အပြင် Mobile Team အဖွဲ့ရဲ့ ပညာပေးတား ဆီး ဆောင်ရွက်မှုများကြောင့် လည်း ကောင်း၊ တစ်ပိုင်တစ်နိုင်ကုန်သွယ်မှုပြုလိုသူများအတွက် တစ်ဦးတည်း ပိုင်ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် ကတ် (Individual Trading Card) ခွင့်ပြုဆောင် ရွက် ပေးနေမှုများကြောင့်လည်းကောင်း အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလထက်ပိုမို ရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။MIRT (DOBT)