တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ Mobile Team အဖွဲ့ဟာ တမူးနယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ တမူးမြို့မှ ၄ မိုင်ခန့် အကွာ တမူး-ကလေးကားလမ်းမပေါ်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ရေး အတွက် မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ပါ တယ်။ တမူး-ကလေးပြေးဆွဲနေသော လိုက်ထရပ်စ် ၂ စီးပေါ်မှ အကောက်ခွန်မဲ့ သယ်ဆောင်လာသော လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ ပိတ်စများ ပေါ်တွင် ပန်း ဆွဲသော လက်ရေးဆိုးဆေးဘူး (၂၀ ml x ၁၂၀ ဘူးပါ) ၉၉ ပါကင်၊ အဝတ်ကပ် ကော် (၃၀ ml x ၈၀ ဘူးပါ) ၂၄ ပါကင်၊ ရေမွှေးပုလင်းသေး ၃၆ ပုလင်း၊ မျက် နှာလိမ်းခရင်မ် ၆၀ ထုပ်၊ Eveready တံဆိပ်ဓာတ်ခဲအကြီး ၁၀၀ လုံးနှင့် စားသုံးကုန် ပစ္စည်းများဖြစ်သော နို့မှုန့် ၄၀၀ ဂရမ် အထုပ် ၅၀ နှင့် သကြားလုံး အထုပ် ၂၀၀၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ၆၂ သိန်းကျော် ရှာဖွေတွေ့ရှိတဲ့အတွက် ခေတ္တသိမ်းဆည်း ထားတယ်လို့ သတင်းရရှိပါတယ်။
ခေတ္တသိမ်းဆည်းထားသော လူသုံးကုန်ပစ္စည်းများအား ပိုင်ရှင်မှလာရောက် လျှောက်ထားလျှင် လိုင်စင် ပြုလုပ်၍ အခွန်ပေးဆောင်စေကာ ပြန်လည်ထုတ်ပေး သွားမှာဖြစ်သလို FDA ထောက်ခံချက်လိုအပ်သော စားသောက်ကုန် ပစ္စည်းများဖြစ် တဲ့ နို့မှုန့်နှင့်သကြားလုံးတို့အား FDA ထောက်ခံချက်ရရှိပါက ပြန်လည်ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူများဟာ တစ်ပိုင်တစ်နိုင်ရောင်း ဝယ်နေကြသောသူများအား ITC ကတ်ဖြင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင် ရွက်တတ်စေရန် နေ့စဉ်ရှင်းလင်းပြောကြားကာ ကူညီပေးလျက်ရှိ ပါတယ်။ တစ်ပိုင် တစ်နိုင်ရောင်းဝယ်ကြသူများအနေနဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းသို့ လာ ရောက်ပြီး ဆွေးနွေး တင်ပြကာ တရားဝင် လမ်းကြောင်းပေါ်မှ ရောင်းဝယ်ကြစေ လိုကြောင်း အသိပေးလိုက်ရပါတယ်။လှဋ္ဌေး (တမူး)