ဒေသခံကုန်သည်များလုပ်သာကိုင်သာရှိစေရန် Individual Trading Card (ITC) ကတ်များကို တမူး၊ မူဆယ်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ထုတ်ပေးနေပြီဖြစ် ပါ တယ်။ တမူးနဲ့မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းများတွင် ITC နဲ့ ကုန်သည်ငယ်များ ဆောင်ရွက်မှုရှိနေကြပြီဖြစ် သော် လည်း မြဝတီနယ်စပ် တွင်မူ လျှောက်ထားသည့်အရေအတွက် နည်းနေသေးတဲ့အပြင် ကုန်သွယ်မှု လည်း ဆောင် ရွက်မှုမရှိ သေးဘူးလို့ သိရပါတယ်။
ITC ကိုအသုံးပြုပြီးတစ်နေ့လျှင် ကျပ် ၁၀ သိန်းဖိုးနှုန်းနဲ့ တစ်ပတ်လျှင်ကျပ်သိန်း ၅၀ ဖိုးထိ ကုန်သွယ်မှု ပြုနိုင်ပြီး ကရင် ပြည်နယ်အတွင်းနေထိုင်တဲ့ မည်သည့် ကုန်သည်မဆို ITC လျှောက်ထားဆောင်ရွက်နိုင်ရန် နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာနမှ ဝန်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ကုန်သည်ငယ် အချို့ထံမှ သိရှိရချက်မှာ ကုန်သည် အသင်းသို့ ကုန်သည်အသင်းဝင်ကြေး ကျပ် ၅၀၀၀၀ ခန့်ပေး သွင်းနေရတဲ့ အခက်အခဲရှိနေတယ်လို့ သိနေရပါတယ်။ နိုင်ငံတော်မှကုမ္ပဏီမထူထောင်နိုင် တဲ့ ဒေသခံ ပြည်သူ၊ တောင်သူလယ်သမား၊ ကုန်သည်ငယ်များ လုပ်နိုင်ကိုင်နိုင် အောင် ITC ကို စီစဉ်ပေးထားြ ခင်းဖြစ်တဲ့ အတွက် ထိုက်သင့် တဲ့ဝင်ကြေး၊ ဝင်ခွင့်နဲ့ဆောင်ရွက်ပေးနိုင်ရေး ကုန်သည်အသင်း အနေနဲ့ပြန်လည် စဉ်းစားသင့်ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံက ဒီဇင်ဘာလအတွက် ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံက ပြောကြားခဲ့တယ် လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးအနေနဲ့ နိုင်ငံတော်ငွေစာရင်းသို့ ကျပ် ၅၀၀၀၀ ပေးသွင်းပြီး ITC များ ထုတ်ပေးလျက်ရှိကာ လိုအပ်သောရုံးစာရွက်စာတမ်း၊ ကတ်ပြားဖိုး အပါအဝင် အတွက် ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အချိန် တစ်နာရီအတွင်း ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ITC နဲ့လိုင်စင်လျှောက်ထားမှုအတွက် သက်တမ်း ခုနှစ် ရက် သတ်မှတ်ထားကြောင်းနဲ့ သွင်းကုန် ဆောင်ရွက်မှုကို ခုနှစ်ရက်အတွင်း တစ်ပြိုင်တည်းဆောင်ရွက်နိုင်တဲ့ အတွက် လို့သိရပါတယ်။ လိုင်စင်သက်တမ်းမှာမူ သုံးလသတ်မှတ်ပေး ထားပြီး ပထမအကြိမ် နှစ်လနဲ့ ဒုတိယ အကြိမ် တစ်လ သက်တမ်းတိုးခွင့်ပေးထားတဲ့အတွက် လိုင်စင် တစ်စောင်ဟာ စုစုပေါင်း ခြောက်လ သက်တမ်း ရှိ နေတဲ့အတွက် လောလော ဆယ်မှာ ITC နဲ့လုပ်ငန်း ဆောင်ရွက်တဲ့ အနေအထားမရှိ သေးတာလို့ စခန်းတာဝန်ခံမှ ထောက်ပြထားပါတယ်။ တမူးနဲ့ မူဆယ်မှာ ITC နဲ့ လက်တွေ့ကုန်သွယ် မှု ဆောင်ရွက်နေ သော်လည်း မြဝတီနယ်စပ်မှအသုံးမပြုခြင်းဟာ ကုန်သည် ငယ်များ ကျယ်ကျယ်ပြန့်ပြန့် မသိတာကြောင့် ဒါမှမဟုတ် အခြားအခြားသော အကြောင်းများ ရှိနေသလားဆိုတာ စဉ်းစားစရာပါ ----------။Source:နကသ(မြဝတီ)ရင်ငြိမ်းအေး