ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိကာလ အတွင်း မှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ လိမ္မော်သီး ၁၀၅ တန် ကျော်ကို ယခုနှစ်လိမ္မော်ရာသီမှာ ပထမဦးဆုံး အကြိမ်စတင် တင်ပို့ခဲ့ပါတယ်။
မူဆယ်စခန်းမှလည်း ကန်ဒေါ်လာ ၁ ဒသမ ၅၁၂ သန်း တန်ဖိုးရှိ ဖရဲသီး ၉၉၈၂ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် ကထက် ၂၁၁၆ တန်လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။ ဖရဲသီး ၁ ဖာလျှင် ယွမ် ၁၀၀-၁၅၀ ဈေးပေါက် နေတယ်လို့သိရပါ တယ်။ သခွားမွှေးတင်ပို့မှုကတော့ ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၂၄၃ သန်းတန်ဖိုးရှိ သခွားမွှေး ၁၁၅၂ တန် ကျော် တင်ပို့ခဲ့ပြီး ယခင်အပတ်ကထက် ၂၇၂ တန်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ သခွားမွှေး ၁ ကီလိုကို ၅ ယွမ်ဈေးရတယ် လို့သိရပါတယ်။ ယခုအပတ်မှာ မူဆယ်စခန်းမှကန်ဒေါ်လာ သုည ဒသမ ၀၇၇ သန်းတန်ဖိုးရှိ ဆီးသီး ၄၇၀ တန်ကို တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခင်အပတ်ကတန်ချိန် ၄၀၀ နီးပါးသာ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၇၀ ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။MIRT (DOBT)