Main menu

Background

ပညာပေးကာလ ကျော်လွန်လျှင် ဥပဒေအရ အရေးယူခြင်း ခံရမည်

Mon, 01/21/2013 - 06:53 -- ydnar

မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတွင် စက်သုံးဆီပြီးလျှင် ဒုတိယအများဆုံး ဝင်နေသည့် ကုန်ပစ္စည်းဖြစ်သော ဘီယာသည် မိမိတို့ဘက်သို့တရားမဝင် တင် သွင်း နေခြင်းဖြစ်ကြောင်း၊ အဆင့်ဆင့်စိစစ်တားဆီးရာတွင် Mobile Teamမှ အများဆုံးဖမ်းဆီးရမိနေကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များကိုအဓိက ပြော ကြားလိုသည်မှာ တရားဝင်လမ်းကြောင်းပေါ်မှဆောင်ရွက်မှုများသည် အန္တရာယ် ကင်းကင်းနှင့်ဆောင်ရွက်နိုင်ပြီး တရားမဝင်သွားသည့် ပစ္စည်းများသည် Mobile Team မှတားဆီးထိန်းသိမ်းသည့်အနေအထားမှ ဥပဒေအရအရေးယူခြင်းခံရ သည့် အခြေအနေထိရောက်ရှိသွားမည်ဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက ကုန်သည်လုပ်ငန်းရှင်များကို အသိပေး ပြော ကြားခဲ့သည်ဟု သတင်းရရှိသည်။

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးရေး Mobile Team အဖွဲ့၏ ထိန်းသိမ်းပေးမှုကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ဇုန်၏ ဒီဇင်ဘာလ ကုန်သွယ်မှုပမာဏသည် ယမန်နှစ်ကာလတူ ထက် ကန် ဒေါ်လာ ၃၇ သန်းကျော် ပိုမိုဆောင်ရွက်လာနိုင်မှုသည် ထင်ရှားသိသာသော အချက်ပင်ဖြစ်ပါသည်။ အားလုံး ဘက်ပေါင်းစုံ တက်ညီလက်ညီ ဆောင်ရွက် ခဲ့ခြင်းကြောင့်ဖြစ်ပြီး နိုင်ငံတော်ပိုင်းမှလည်း ဆောင်ရွက်နိုင်သည့် ကုန်သွယ်မှု ပမာဏ သန်း ၄၀ နှင့် ညီမျှသော အခွန်ရရှိမည်ဖြစ်ပါသည်။ ပညာပေးကာလအတွင်းတွင် Mobile Team အဖွဲ့သည် နယ်စပ်ကုန်သွယ် ရေး ဦးစီးဌာန/စခန်းတို့မှ ခွင့်ပြုထုတ်ပေးသည့် လိုင်စင်နှင့်အခွန်ပေးဆောင်ပြီး အချိန်နှင့်တစ်ပြေးညီစစ်ဆေးခံသယ်ဆောင်၍ရနိုင်သော်လည်း လိုင်စင်/ဂျူတီမဲ့၊ အပ/အလွဲများ၊ ကန့်သတ်ကုန်များကို ထိန်းသိမ်းထားမည်ဖြစ်ပြီး လိုင်စင်၊ ID လုပ်ပေးပြီးမှသာ  ပြန်လည်သယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လျှင်မူ ဥပဒေအရအရေးယူမှု အား ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ကုန်သည်လုပ်ငန်းရှင်များအပိုင်းမှ နစ်နာမှုမရှိစေရေး တရားဝင်လ မ်းကြောင်း မှသာ ကုန်သွယ်မှုပြုကြရန်နှင့် လိုအပ်သည့်ကိစ္စများရှိလျှင် OSS အဖွဲ့၊ ဒေသအုပ် ချုပ်ရေးအဖွဲ့၊ ကုန်သည်ကြီးများ အသင်းတို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဟု မြဝတီစခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက အသိပေးပြောကြား ခဲ့သည် ဟု သတင်းရရှိပါသည်။ Mobile Team  အဖွဲ့ (၂) အနေနဲ့ အများဆုံးစစ်ဆေးတွေ့ရှိရတဲ့ ကန့် သတ် ကုန်ပစ္စည်းများမှာ ဘီယာ၊ (Leo, Heinken, Singha, Folsom, Diablo) ဝိုင် (Spy)  တို့ အများဆုံးဖြစ်နေပါတယ်။     Source:နကသ(မြဝတီ) MTN