စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲသစ်ပေါ်ချိန်နဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ်ရဲ့ ပဲသစ်ပေါ်ချိန် ဟာ တိုက်ဆိုင်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲသစ်ပေါ် ချိန် ဖြစ်လို့ အရောင်းအဝယ်အေးနေတာဖြစ်ပါတယ်။ ယခင် တင်ပို့နေကျ ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲလုံးဝါနဲ့ ပဲပုပ်တို့ ယခုဇန်နဝါရီလတွင် လိုင်စင်ဆောင်ရွက်မှု လျော့ နည်းလာကြောင်း တွေ့ရှိရပါတယ်။ တစ်ဖက်နိုင်ငံ ပဲရာသီကုန်ဆုံးချိန်မတ်လ အကုန်မှသာ ဈေးကွက်လိုအပ်ချက် များလာနိုင်ပြီး တင်ပို့မှုလည်းသွက်လက်လာနိုင် ခြေရှိတယ်လို့ ပဲကုန်သည်များထံမှ သိရှိရပါတယ်။ စမ်းစမ်းအေး (တမူး)
Background