Main menu

Background

ဖိလစ်ပိုင်သို့ ပြောင်းတန် ၆၀၀ ပင်လယ်ရေကြောင်းမှအပို့ရှိ

Mon, 01/21/2013 - 07:13 -- ydnar

ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၆၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ဖိလစ်ပိုင်အပြင် မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ ၂၄၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၆ တန်လည်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဖိလစ်ပိုင်သို့ ၈၂၅ တန်နဲ့ အိန္ဒိယသို့ ၅၀၄ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ် ပင်လယ်ရေကြောင်း မှ ပြောင်းတင်ပို့မှုမှာ ၁၃၂၉ တန်ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ၇၂၃ တန်အပို့လျော့ခဲ့ပါတယ်။ ယခု အပတ်ပြောင်း FOB ပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ ၂၉၀ ဖြစ်ပြီး ယခင် အပတ်ထက် ဈေးအနည်းငယ်တက်လျက်ရှိပါကြောင်း သိရပါတယ်။MIRT (DOBT)