Main menu

Background

သကြားစက်အသစ်များကြောင့် နေ့စဉ်ထုတ်လုပ်မှု စံချိန်တင် မြင့်မားနေတဲ့ ထိုင်းနိုင်ငံ

Mon, 01/21/2013 - 07:13 -- ydnar

ထိုင်းနိုင်ငံတွင်ထပ်မံတည်လိုက်သော သကြားစက် (၄) ခုကြောင့် ဇန်နဝါရီ လလည်အတွင်းမှာ နေ့စဉ် သကြားထုတ်လုပ်မှုဟာ သိသိသာသာ မြင့်တက်လာ လျက် ရှိပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့စာရင်းအရ ထိုင်းနိုင်ငံရှိ သကြားစက်အလုံး ၅၀ ဟာ ကြံတန်ချိန် ၉၆၃၀၀၀ ကိုကြိတ်ဝါးနိုင်ခဲ့ပြီး ယမန်နှစ်ကကြိတ်ဝါးမှု တန် ချိန်မှာ ၈၆၀၀၀၀ သာရှိခဲ့ပါတယ်။ နေ့စဉ်သကြားတန်ချိန် ၉၇၂၂၂ တန်ထွက်ရှိပြီး ယမန်နှစ်က ၉၄၆၃၉ တန်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ သကာနဲ့တင်လဲထွက်ရှိမှု ကတော့ ၄၁၄၄၀ တန်ဖြစ်ပြီး ယမန်နှစ်က ၃၇၄၀၀ တန်သာထွက်ရှိခဲ့တာဖြစ်ပါ တယ်လို့ အင်တာနက်သတင်းအရ သိရှိရပါတယ်။CMK