Main menu

Background

တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိပစ္စည်းအချို့အပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု အိန္ဒိယအစိုးရထုတ်ပြန်

Mon, 01/21/2013 - 07:32 -- ydnar

အိန္ဒိယအစိုးရသည် ပြည်တွင်းစက်မှု လုပ်ငန်းများကို  အကာအကွယ်ပေးရန် တရုတ်နိုင်ငံမှတင်သွင်းသော သံမဏိ ပစ္စည်းအချို့အပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဟု ဇန်နဝါရီလလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။

သံမဏိအဆင့် ၃၀၄ မှ ထုတ်လုပ် သော သံပြားအလိပ်များ၊ ခရိုနီယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်းနှင့် အထက်ပါရှိသော   သံမဏိအဆင့် အားလုံးအပေါ် ပြည်တွင်းထုတ်လုပ်မှု များအား အကာအကွယ်ပြုသောဂျူတီ (Safeguard duty) ကို စည်းကြပ်သွား မည်ဟု သိရသည်။Motilal Oswal Securities မှ ဝါရင့်ဒုတိယဥက္ကဋ္ဌ Sanjay Jain  က အိန္ဒိယတွင်အဆင့် ၂၀၀ အမျိုး အစား သံမဏိပစ္စည်းတွင် ယှဉ်ပြိုင်မှုများစွာ ရှိပြီး အဆင့် ၃၀၀ အမျိုးအစားနှင့်မူ ယှဉ်ပြိုင်ထုတ်လုပ်မှု   မရှိကြောင်း၊ အဆင့် ၃၀၄ အမျိုးအစား သတ္တုသည် အရည်အသွေးကောင်းမွန်ပြီးဈေးလည်း ကြီးမြင့်ကြောင်း ပြောကြားခဲ့သည်။အဆင့် ၃၀၄ အမျိုးအစား၊ ခရိုနီ ယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်း ကျော်ပါဝင်သော  သံမဏိပစ္စည်းများ အပေါ်  အခွန် စည်းကြပ်တော့မည့် ကြေညာချက်ကိုဝန်ကြီးဌာနဝက်ဘ် ဆိုက်၌  ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထိုနေ့တွင်  အိန္ဒိယ သံမဏိလုပ်ပိုင်ခွင့်  ရှိသူများအကြား ရှယ်ယာ ၄ ဒသမ ၅  ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်မှာမူ ၁ ဒသမ ၈ ရာခိုင်နှုန်းထိ လျော့ကျသွားခဲ့ ပါသည်။သွင်းကုန်ခွန်  စည်းကြပ်ခြင်းသည် ပြည်တွင်း  သံမဏိလုပ်ငန်းများအား အကာအကွယ်ပေးရန် ရည်ရွယ်စည်း ကြပ်ခြင်းဖြစ်ကြောင်း၊   ပြည်တွင်း သံမဏိလုပ်ငန်းများသည်  အိန္ဒိယ၏ GDP တွင် ၂ ရာခိုင်နှုန်းနီးပါးပါဝင်ပြီး လူ ၅၀၀၀၀ ကျော်ကို အလုပ်အကိုင် ပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။ယခုကဲ့သို့ စည်းကြပ်ခွန်ပြဋ္ဌာန်းခြင်း သည်ပြည်တွင်းထုတ်လုပ်မှုများအတွက် အိန္ဒိယအစိုးရအေ နဖြင့် ပြည်တွင်း လုပ် ငန်းရှင်များအား ထူးထူးခြားခြား အကာ အကွယ်ပေးခြင်းဖြစ်ကြောင်း၊ သံမဏိ လုပ်ငန်းများ ၏  အခက်အခဲကို  နား လည်မှုရှိစွာ ထည့်သွင်းစဉ်းစားဆောင် ရွက်ခြင်းဖြစ်ကြောင်း Jain   က ပြော ကြားပါသည်။ အိန္ဒိယနိုင်ငံသည်   ကမ္ဘာ့သံမဏိ အများဆုံးထုတ်လုပ်သော  နိုင်ငံများ အနက် စတုတ္ထမြောက်နိုင်ငံ ဖြစ်သော် လည်း  ယခုလတ်တလောတွင် အများ ဆုံးတင်သွင်းသောနိုင်ငံဖြစ်လာနေခြင်း ကြောင့် သွင်းကုန်ခွန်အသစ် စည်းကြပ် ရခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၀၅-၂၀၀၆ ခုနှစ်တို့တွင် အိန္ဒိယနိုင်ငံသည် သံမဏိပစ္စည်းများ ကိုနှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းခန့် တိုးတက်ထုတ်လုပ်ခဲ့သော် လည်း ၂၀၀၅-၂၀၀၆ နောက်ပိုင်းတွင် သံမဏိ သုံးစွဲမှုသည် ၉ ဒသမ ၆ ရာ ခိုင်နှုန်းကျော် တိုးတက်လျက်ရှိကြောင်း သိရသည်။အိန္ဒိယသို့သံမဏိတင်သွင်းသောနိုင်ငံ များတွင် တရုတ်နိုင်ငံသည် တတိယ နေရာတွင်ရှိနေပြီး သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်းစည်းကြပ်ရန်  ထုတ်ပြန်ခြင်း သည် တရုတ်သံမဏိသွင်းကုန်များ တိုး မြင့်လာခြင်းကြောင့်  ပြည်တွင်း ထုတ် လုပ်သူများအား  အကာအကွယ်ပေး ရန်မှတစ်ပါး အခြားမရှိနိုင်ဟု သုံး သပ်လျက်ရှိပါကြောင်း အင်တာနက် သတင်းအရ သိရပါသည်။    CMK