ပြင်ဦးလွင်-မန်း ပြေးဆွဲနေသည့် ဟိုင်းလတ်ယာဉ်ဟောင်းများ အစား လိုက်ထရပ်ယာဉ်များကို အစားထိုးပြေးဆွဲ လာကြောင်း သိရပါ တယ်။
သီရိပဒေသာကားဝင်းမှ တာဝန်ရှိသူတစ်ဦးက "ဟိုင်းလတ်ယာဉ် ဟောင်းအပ်ပြီး ပြေးဆွဲလာတာ ရှစ်စီးရှိပြီ။ ဆက်ပြီးအစားထိုးပြေးဆွဲဖို့ လည်း လျှောက်ထားတဲ့ ကားတွေရှိပါတယ်။ ယာဉ်လိုင်းလည်းတိုးလာပါ တယ်။ မှန်လုံယာဉ်လိုင်း ၁၃ လိုင်းနဲ့ ပြင်ဦးလွင်မှ ရန်ကုန်နဲ့ နေပြည်တော် ကို ပြေးဆွဲနေတယ်။ မုံရွာကို Super Custom ကားနဲ့ ပြေးဆွဲပေးနေ ပြီ။ မင်းဘူး-ပြင်ဦးလွင်ကားဂိတ်လည်းတိုးလာတယ်။ ကိုယ်ပိုင်ယာဉ်တွေ များလာတော့ ယာဉ်လိုင်းတွေကလည်း ကားကောင်းကောင်းပြေးဆွဲလာ တယ်"လို့ ပြောပါတယ်။သီရိပဒေသာယာဉ်ရပ်နားစခန်းတွင် ကားအစီးရေ ၁၅၀ ဝန်းကျင် နေ့စဉ် အဝင်အထွက်ရှိကြောင်း သိရပါတယ်။ ကိုယ်ပိုင်ယာဉ်များ များပြား လာခြင်းကြောင့် ခရီးသည်ယာဉ်စီးနင်းမှု သိသိသာသာကျလာကြောင်း ယာဉ်လိုင်းအချို့မှ သိရပါတယ်။ ခရီးသည်များအန္တရာယ်ကင်းဖို့ ယာဉ် ဟောင်းများအစား လိုက်ထရပ်ယာဉ်များ ကို ပြောင်းလဲပြေး ဆွဲလာခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး