Main menu

Background

ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ၉ လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

Mon, 01/21/2013 - 07:38 -- ydnar

ဇန်နဝါရီလ ၁၁ ရက်နေ့က ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ဟာ ၉ လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်လို့ သိရ တယ်။ ဂျပန်နိုင်ငံ တိုကျိုကုန်စည်ရောင်းဝယ်ရေး (TOCOM) မှာ ဇွန်လအရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၃၂၀ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၅၉၆ ဝန်းကျင်)အထိ ရောက်ရှိခဲ့ရာ ဧပြီလ နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရ တယ်။ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာခြင်း၊ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုဆိုင်ရာစာရင်းဇယားများအရ ဒီဇင်ဘာလ အတွင်း ပို့ကုန်တိုးတက်မှုရှိလာခြင်း၊ ရေနံစိမ်းဈေးနှုန်းများအားကောင်း နေခြင်း၊ ရော်ဘာတင်ပို့မှု အများဆုံးနိုင်ငံတွေရဲ့ ရော်ဘာ တင်ပို့မှု ပမာဏလျှော့ချနေတဲ့ ကာလဖြစ်ခြင်း တို့ကြောင့် ကမ္ဘာ့ရော်ဘာဈေးနှုန်းများ အားကောင်းလာခြင်းဖြစ်တယ်။

ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးမှာလည်း မေလ အရောက်ပို့ရမယ့် ရော်ဘာက တစ်တန်ကို ၂၅၈၁၀ ယွမ် (တစ်တန်ကို ၄၁၄၉ ဒေါ်လာ)အထိ ရောက်ရှိလာတယ်။ ထိုင်းရော်ဘာဈေးနှုန်းများလည်း ဈေးမြင့်လာတယ်။ မှိုင်းခံ ရော်ဘာ အဆင့်-၅ (RSS-5)က တစ်တန်ကို ၃၃၆၃ ဒေါ်လာ အထိရောက်ရှိလာရာ လဆန်းပိုင်းက ဈေးနှုန်း ထက် တစ်တန် ကို ၇၀ ဒေါ်လာဈေးမြင့်လာတယ်။Source:Reuters.com,Bloomberg.com၊ပပ