နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်နဲ့ စက်ဘီးများ တင်သွင်းခွင့်ပြုလျက်ရှိရာ ယခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၄ ဒသမ ၁၁၀ သန်းတန်ဖိုးရှိ Brand News ဆိုင်ကယ် ၁၁၃၆၉ စီးကို နယ်စပ်စခန်းများမှ တင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ ၁၀၈၅၁ စီးနဲ့ မြန်မာ-ထိုင်း နယ်စပ်မှ ၅၁၈ စီးကို ယခုအပတ်မှာတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၀၃၅၇ စီးသာ တင်သွင်းခဲ့တဲ့ အတွက် ၁၀၁၂ စီး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မြဝတီနယ်စပ်မှ ၃၅၈ စီး၊ မြိတ်နယ်စပ်မှ ၁၆၀ စီး၊ မူဆယ်နယ်စပ်မှ ၁၀၅၅၉ စီးနဲ့ ကန်ပိုက်တီးနယ်စပ်မှ ၂၉၂ စီး တင်သွင်းနိုင်ခဲ့တဲ့အတွက် တင်သွင်းမှုပိုမိုရခြင်း ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့အတူ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းတန်ဖိုးရှိ စက်ဘီး ၁၇၅၂ စီးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၁၁ သန်းတန်ဖိုးရှိ Recond Truck ၁၃ စီးကိုပါ တင်သွင်းနိုင်ခဲ့ တယ်လို့ မြဝတီ နယ်စပ်မှ သိရပါတယ်။ ခင်မိုးသူ MIRT (DOBT)
Background