ယခုရက်သတ္တပတ် ရန်ကုန်ကားဈေးကွက်အတွင်း ကားဝိုင်းများတွင် လူပြန် လည်စည်ကားနေပြီး အရောင်းအဝယ်ေ လးများ အသင့်အတင့်ရှိလာကြောင်း သိရ သည်။ ကားပွဲစားတန်းများတွင် အင်ဂျင်ပါဝါသေး ဂျပန်ကားငယ်များ အများအပြား ဝင်ရောက်နေသလို အရောင်းအဝယ်လည်းရှိနေပြီး ထိုထဲတွင် အေအေ အက္ခရာ ပေါက် တက္ကစီအငှား ယာဉ်များလည်း ပါဝင်ကြောင်း သိရသည်။
၂၀၁၃ နှစ်သစ်ကူးပြောင်းပြီးနောက် မော်တော်ယာဉ်တင်သွင်းရေး မူဝါဒ အရ သတ်မှတ်မိုဒယ် အလိုက် ရှေ့ တိုးလာသဖြင့် ယခင်တင်သွင်းခွင့်ရ ဖရီးပါမစ် ကားများ ဈေးတန်းကျဆင်းလာ သည်နှင့်အတူ အေအေ တက္ကစီများ လည်း ဈေးတန်း လိုက်လံကျဆင်းလာသဖြင့် ယခုအခါ ဝယ်ကောင်းသည့် အနေအထားဖြစ်ေ န ကြောင်းအပေါ်ဝိုင်း ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြောသည်။ယာဉ်အို/ဟောင်းအပ်နှံစလစ် ဈေးတန်းသည် "ဘ" အက္ခရာအပ်နှံ လက်ခံကာ စကဈေးအနည်းငယ် ကျဆင်းခဲ့သော် လည်း အဝယ်နည်းကာ ယခုတစ်ပတ်အတွင်း မှာမူ အဝယ်အနည်းငယ်ရှိပြီး ဈေးတန်း ပုံမှန်နီးပါး ကျပ် ၈၅ သိန်း ၉၀ သိန်းခန့် ပြန်ဖြစ်လာကြောင်း၊ "ဘ"အပ်ကားပင်လျှင် ကျပ်သိန်း ၉၀ ခေါ်ရောင်းလာကြောင်း သိရသည်။ စလစ်ဈေးထူးထူးခြားခြားကျဆင်းမှုမရှိသဖြင့် စလစ်ကပ်ဝယ်ယူရသည့် အငှားယာဉ် တက္ကစီများရောင်းအားနည်းနေပြီး ကျပ်သိန်း ၉၀ ၊ ၁၀၀ သိန်းဝန်းကျင် သာရှိတော့သည့် ဓာတ်ဆီသုံး အေအေများ ယခုလတ်တလော ရောင်းအားတက် လာကြောင်း ၎င်း မှပြောသည်။ယခုနောက်ပိုင်း ကားပွဲစားတန်းများတွင် လူစည်ကားအဝယ်ရှိလာပြီး ယခင်က လူအများ ကားအရောင်းပြခန်းများတွင် အဝယ်များရာမှ ယခုပွဲစားတန်းများပါ မျှလာသည့် သဘောတွေ့ရကြောင်း၊ ကားပြပွဲများတွင် သတ်မှတ်လျော့ဈေးပေး သည့် ဈေးမှလွဲ၍ပြခန်းများရှိ လက်ရှိဈေးမှာ ပွဲစားတန်းထက် ကျပ် ၅ သိန်း၊ ၁၀ သိန်းကွာခြား သဖြင့်လည်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ဝယ်ယူမှုပုံစံမှာအမည်မ ပေါက်လည်းဝယ်ကြောင်း၊ ကားရုပ်ခံတောင့် တင်းကောင်းမွန်ရန်တော့လိုကြောင်း ဝါရင့်အကျိုးဆောင်များမှ သုံးသပ်ပြောပြသည်။ SN
