Main menu

Background

ကျောက် ရောင်းမှား၊ ဝယ်မှားပြဿနာများ ယခင်ကထက်ပိုပြီးဖြေရှင်းပေးရ

Mon, 01/21/2013 - 07:47 -- ydnar

ကျောက် ရောင်းမှား၊ ဝယ်မှားဖြစ်မှုတွေကို ယခင်ကထက်ပိုပြီး ဖြေရှင်းပေးလာရကြောင်း၊ မဟာအော င်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

"ကျောက်အတု လုပ်ရောင်းတာ၊ ဓာတုဆေးဆိုးကျောက်ကို ကျောက်အစစ်ဆိုပြီး ရောင်းတာတွေ၊ ဈေးဆစ်ပြီးမှ မဝယ် တော့တာမျိုး၊ ပွဲစားကဝယ်ပေးမယ်ပြောပြီး၊ ပိုက်ဆံသုံးသွားတာမျိုး၊ အာမခံဝယ်ပေးပြီး၊ အမှားဖြစ်တာမျိုး အများကြီး ဖြေရှင်းရ တယ်။ ဒီနှစ်ထဲမှာ ရောင်းမှားဝယ်မှားဖြစ်တာ ပိုများလာ တယ်။ နေ့စဉ် ဖြေရှင်းပေးရတယ်။ တစ်ရက်ကို နှစ်မှု၊ သုံးမှုတော့ ဖြေရှင်းရတယ်။ တရုတ်ဝယ်လက်နဲ့ အဖြစ်နည်း ပြီး၊ ပြည်တွင်းကျောက်ကုန် သည်အချင်းချင်းဖြစ်ကြတာများတယ်။ ကြီးကြီးမား မားပြဿနာကြီးလည်း မဖြစ်သေးတော့ အကျိုးတော်ဆောင်ေ ကာ်မတီနဲ့ ဖြေရှင်းလိုက်ရတာများပါတယ်။ အကျိုးတော်ဆောင် ကော်မတီကဖြေရှင်းလို့ မရရင်တော့ ရဲစခန်းအပ်ရ မှာပေါ့"လို့ ၎င်းကပြောပါတယ်။ရောင်းမှား၊ ဝယ်မှားကြောင့် ပြန်လျှော်ပေးတဲ့အဆင့်သာရှိကြောင်း၊ အများဆုံး ကျပ်သိန်း ၁၂၀ ဝန်းကျင် ရှိကျောက်ကို ဖြေရှင်းပေးခဲ့ရကြောင်း၊ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်ေ ကာ်မတီမှ သိရပါတယ်။ ဇူးဇူး-မန္တလေး