Main menu

Background

ရက်သတ္တပတ်စီးပွားရေး သတင်းတိုများ

Mon, 01/21/2013 - 08:07 -- ydnar

ပေကျင်း ပြည်တွင်းမှာ  စီးပွားရေး အင် အား နည်းပါးမှုနဲ့ ပင်လယ်ရပ်ခြား ဈေးကွက်တွေမှာ အားနည်းမှုတွေ ရှိနေတဲ့အတွက် တရုတ်နိုင်ငံရဲ့စီးပွား ရေး တိုးတက်မှုနှုန်းက ၂၀၁၂ ခုနှစ်မှာ ၇ ဒသမ ၈ ရာခိုင် နှုန်းသာ ရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် က အစိုးရက ထုတ်ပြန်ပါတယ်။ ဒီနှုန်းက ၁၃ နှစ်အတွင်းစွမ်းဆောင်ရည်အနိမ့် ဆုံးနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက် ဆုံး သုံးလပတ်မှာ ဂျီဒီပီတိုးတက်နှုန်း က ၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ ကြောင်း အမျိုးသားစာရင်းရုံးက ပြောပါတယ်။

 
ဝါရှင်တန် နည်းပညာ အဆင့်မြင့် လေ ယာဉ်များမှ အခက်အခဲတွေဖြစ်ပေါ် စေခဲ့တဲ့ အတွက် မီးနဲ့ ပတ်သက်တဲ့ ပြဿနာဖြေရှင်းပြီးတဲ့အထိ ဘိုးရင်း ရဲ့ ဒရင်းလိုင်နာ ၇၈၇ လေယာဉ် သစ် တွေ ကို လေကြောင်းလိုင်းတွေက ပျံ သန်းခွင့်မပေးဘဲ ထားခဲ့ပါတယ်။ မီးခိုး ထွက်ပေါ်လာတဲ့ အတွက် ဂျပန် ဒရင်းလိုင်နာလေယာဉ် ကို ဇန်နဝါရီ ၁၆ ရက်ကအရေးပေါ်ဆင်း သက်ခဲ့ပြီးနောက်ပိုင်း ချီလီ၊ အီသီယို ပီးယား၊ ဥရောပ၊ အိန္ဒိယ၊ ဂျပန်နဲ့ကာ တာနိုင်ငံတွေကပျံသန်းခွင့်ပိတ်ပင်ထား ပါတယ်။
ဟိုချီမင်းစီးတီး ဗီယက်နမ်ရဲ့ စီးပွားရေး အခြေ အနေတွေက စိန်ခေါ်မှုတွေ ရှိနေတဲ့ အတွက် အိမ်ခြံမြေနဲ့ ဆောက်လုပ် ရေး ကုမ္ပဏီ ၁၈၀၀၀ ခန့်က ပိတ် သိမ်းဖို့ သို့မဟုတ် ဒေဝါလီခံဖို့ သို့ မဟုတ် အရှုံးတွေ နဲ့ရင်ဆိုင်ရဖို့ရှိနေပါ တယ်။ ယခု အရေအတွက် အနက် ကုမ္ပဏီ ၁၅၃၀၀ က အရှုံးနဲ့ ရင် ဆိုင်နေရကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မက်ဒရစ် စပိန်ဘဏ်တွေရဲ့ ကြွေးဆုံးတွေ က နိုဝင်ဘာမှာ တောင်လိုပုံနေပြီး စံချိန်သစ်တင်ခဲ့ကြောင်း ဘဏ် ၉ ခု မှာ တစ်ခုက ကြွေးဆုံးမဲ့ အန္တရာယ်ရှိ နေကြောင်း ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်တဲ့ ဗဟို ဘဏ်စာရင်း မှာ ဖော်ပြထားပါတယ်။ ကြွေးပြန်မရမဲ့ အခြေအနေက အိမ်ခြံ မြေချေးငွေ တွေဖြစ်ပြီး စုစုပေါင်းကြွေးမြီၤရဲ့ ၁၁ ဒသမ ၃၈ ရာခိုင်နှုန်း ရှိပါတယ်။