Main menu

Background

ထိုင်းစက်မှုလုပ်ငန်း ဖက်ဒရေးရှင်းက SME ရန်ပုံငွေအတွက် ဘတ်ဘီလီယံ၂၀လိုအပ်

Mon, 01/21/2013 - 08:21 -- ydnar

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အနိမ့်ဆုံးလစာတိုး မြှင့်မှုကိုဆောင်ရွက်နိုင်ဖို့အတွက် အသေးစားနဲ့အလတ်စား စီးပွားရေး လုပ်ငန်း SME  များရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အစိုးရက ဘတ်ဘီလီယံ ၂၀ ရှိ ရန်ပုံငွေထူထောင်ဖို့ ပုဂ္ဂလိက ကဏ္ဍက ထိုင်းအစိုးရကို တိုက်တွန်းထားပါ တယ်။

အစိုးရဆောင်ရွက်ထားတဲ့အစီ အစဉ်ကအထိခိုက်ခံ SME များ အတွက် လုံလောက်မှုမရှိကြောင်း ထိုင်း စက်မှုလုပ်ငန်းဖက်ဒရေးရှင်း (FTI) ရဲ့ ဥက္ကဌ ပရန်ဆပ်ချတ်စုသီပိုးက ပြောပါတယ်။ ယခုနှစ်နှစ်စပိုင်းကစပြီး နေ့စဉ်လုပ်အားခကိုဘတ်ငွေ ၃၀၀ အထိတိုး မြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ယခုလဆန်းပိုင်းက အစီအမံလေးရပ်ကိုအစိုးရ ကဆောင်ရွက်ခဲ့ရာ SME  တွေ အပေါ် ဂယက်ရိုက်ခတ်တာကို သက်သာစေဖို့ အတွက် ကော်ပိုရိတ်ခွန်လျှော့ချပေးတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပထမအကြိမ်မှာ SME တွေက အခွန်ပေးဆောင်စရာမလိုတဲ့အတွက် အကျိုးခံစားခွင့်မရတဲ့လုပ်ငန်းတွေ အတွက် ကော်ပိုရိတ်ခွန်ကင်းလွတ်ခွင့် ပြုရုံနဲ့အထောက်အကူမဖြစ်ပါဘူးလို့ FTI  ဒုတိယဥက္ကဌ ချန်နမ်ချိုင်းသီရိ က ပြောပါတယ်။ စုစုပေါင်းကုန်ကျစရိတ်မှာ အလုပ်သမားစရိတ် ကျခံမှုအပေါ်မူတည်ပြီး စီးပွားရေးလုပ်ငန်းတွေကိုပေးတဲ့ အကူအညီကို အမျိုးမျိုးခွဲခြားထားသင့်ကြောင်း သူကပြောပါတယ်။ နောက်ပိုင်းမှာ အစိုးရကိုအဆိုပြုတင်ပြမဲ့ရန်ပုံငွေနဲ့ပတ်သက်ပြီး FTI က ထိုင်းကုန်သည်ကြီးများ အသင်းနဲ့ ဆွေးနွေးနေကြောင်း FTI ဒုတိယဥက္ကဌ ဗား လော့ဗီတာနာကွန်ကပြောပါတယ်။ ပြည်နယ် ၇၀ မှာ အထိခိုက်ခံနေရတဲ့ လုပ်ငန်းရှင် ၂ ဒသမ ၂ သန်းအတွက် ဒေါ်လာဘီလီယံ ၅၀ လောက်လိုမယ် လို့သူကပြောပါတယ်။ နေ့စားလုပ်ခတွေကို လူဦးရေများပြားတဲ့ ပြည်နယ်ခုနစ်ခုမှာ ဧပြီလက စပြီး ဘတ်ငွေ ၃၀၀ နှုန်းထိ တိုးချဲ့ပေးခဲ့ပါတယ်။ လုပ်ခလစာတိုးမြှင့်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကျဆင်းနိုင်ပါတယ်။ ပို့ကုန်ဦး တည်ဆောင် ရွက်နေတဲ့စီးပွားရေးလုပ်ငန်းတွေမှာ ထုတ်ဖော်မှုစွမ်းရည်အပြည့်အဝမရှိပါဘူး။ သူတို့ကို ဆပ်ကန်ထ ရိုက်တွေ ငှားဖို့ အဟန့်အတားဖြစ်နေပါတယ်။