Main menu

Background

အလတ်စား ဂျပန်စီးပွားရေး လုပ်ငန်းများ ထိုင်းနိုင်ငံကို အာရုံပြု

Mon, 01/21/2013 - 08:08 -- ydnar

ဂျပန်အလတ်စားစီးပွားရေးလုပ် ငန်း ၁၀၀၀ ကျော်က ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ငန်းနဲ့ ရင်း နှီးမြှုပ်နှံမှုကိုချဲ့ထွင်ဖို့စီစဉ်ဆောင်ရွက် လျက်ရှိရာခုနှစ်နှစ်အတွင်းအရေအ တွက်အများဆုံးဖြစ်ခဲ့ကြောင်း ကာဆီကွန် ဘဏ်က ဇန်နဝါရီ ၁၆ ရက်က ပြော ပါတယ်။ ကုမ္ပဏီ တစ်ခုချင်းစီရဲ့ ရင်းနှီး မြှုပ်နှံမှု  အရွယ်အစားကဘတ်သန်း ၅၀ မှ ဘတ်သန်း ၁၀၀ အကြား ရှိကြောင်း၊ ထိုင်းနိုင်ငံမှာ  ရင်းနှီး မြှုပ်နှံနေတဲ့ ကုမ္ပဏီဘဏ္ဍာရေးကိစ္စတွေကိုဆောင် ရွက်ပေးနေတဲ့ စီးပွားဖက်ဂျပန်ဘဏ် ၁၅ ခုနဲ့ပူးတွဲဆောင်ရွက်နေတဲ့ K Bank  ရဲ့ ဒုတိယဥက္ကဌဆောင်းပိုးချီဗာပန်ရာ ဂိုကပြောပါတယ်။ စုစုပေါင်း ရင်းနှီးမြှုပ် နှံမှုကဘီလီယံ ၅၀ နဲ့ ဘတ်ဘီလီယံ ၁၀၀ အကြားရှိမဲ့သဘောဖြစ်ပါတယ်။ လောလောဆယ်မှာ ထိုင်းနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်နေတဲ့ဂျပန်အလတ် စားကုမ္ပဏီ ၈၀၀၀ ခန့်ရှိပါတယ်။

ယခင်က ထိုင်းနိုင်ငံအတွင်း ဂျပန် စီးပွားရေးလုပ်ငန်းတွေရင်းနှီးမြှုပ်နှံရာမှာ အများစုကကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ ယခုအခါ ထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့အလတ်စားကုမ္ပဏီအ များစုမှာမော်တော်ကားအင်ဂျင်နဲ့ ပြင် ဆင်ရေးကဏ္ဍလို အဆင့်မြင့်နည်းပညာ သုံးကဏ္ဍတွေဖြစ်ကြောင်း ဆောင်းပိုးက ပြောပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံရ တာ ကလည်းထိုင်းနိုင်ငံရဲ့အထောက်အကူ ပြုမှုရဲ့ အရည်အသွေးကို ယုံကြည်မှုနဲ့ ထိုင်းနိုင်ငံကသူတို့ရဲ့ အသိပညာနဲ့ ဆိုင် တဲ့ ဥပဒေကိုချိုးဖောက်မှာ မဟုတ်ဘူး လို့ ယုံကြည်မှုတွေကြောင့် ဖြစ်တယ် လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကိုလုပ်ငန်းရွှေ့ပြောင်း ရင်းနှီးမြှုပ်နှံဖို့စီစဉ်တဲ့ဂျပန်အလတ်စား ကုမ္ပဏီ ၁၀၀၀ အနက်တချို့က တရုတ် နိုင်ငံကပြောင်းရွှေ့မြှုပ်နှံတာဖြစ်ကြောင်း သူကပြောပါတယ်။