Main menu

Background

ကမ္ဘာ့စီးပွားရေးနာလန်ထူအောင် ပိုမိုကြိုးစားဖို့ လိုအပ်

Mon, 01/21/2013 - 08:37 -- ydnar

ကမ္ဘာ့စီးပွားရေးကိုလမ်းကြောင်း မှန်ပေါ်သို့ပြန်တင်ပေးနိုင်ရေးအတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း အပြည်ပြည်ဆိုင်ရာ  ငွေကြေးရန်ပုံငွေ အဖွဲ့(အိုင်အမ်အက်ဖ်) အကြီးအကဲ ခရစ်စတင်းလားဂတ်က ဇန်နဝါရီ ၁၇ ရက်ကပြောပါတယ်။

"ပြိုကွဲမဲ့အန္တရာယ်ကို ကျွန်မတို့ ရပ်တန့် နိုင်ခဲ့ပါပြီ။ ယခင်က အလေ့ အကျင့်တွေဖျောက်ဖို့ လိုပါပြီ။ ဒီအချိန် ကခါးတောင်းကျိုက် ဖြုတ်ရမယ့် အချိန် မဟုတ်သေးဘူး"လို့ ဝါရှင်တန်ရှိ အဖွဲ့ရဲ့ ဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူမက ပြောပါတယ်။ "လုပ်စရာတွေအများကြီးရှိနေပါ တယ်" လို့သူမကပြောပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့ လက္ခဏာတွေကိုသူမကထုတ်ဖော်ပြော ကြားခဲ့ပေမဲ့ အလုပ်အကိုင် အခြေအနေ က စီးပွားရေး မျက်နှာစာမှာ သာမက လူမှုရေး မျက်နှာစာအတွက်ပါ  အရေး ကြီးကြောင်း အိုင်အမ်အက်ဖ်  အုပ်ချုပ် မှုဒါရိုက်တာက ပြောကြားပါတယ်။ "အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အလုပ်လိုပါတယ်"လို့ သူမက ပြောပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှုကိုဆွဲချနေတဲ့ အစိုးရ ကြွေးမြီအကျပ်အတည်းရဲ့အချက်အချာ ဖြစ်တဲ့ဂရိ၊ အိုင်ယာ လန်၊ ပေါ်တူဂီစတဲ့ နိုင်ငံတွေလို အိုင်အမ်အက်ဖ်နဲ့ ဥရောပ ကယ်တင်ပေးခဲ့ရတဲ့ နေရာဖြစ်တဲ့ ယူရို ဇုန် ဒီစိန်ခေါ်မှုတွေရင်ဆိုင်နိုင်အောင်ပိုမို ဆောင်ရွက်ရမှာဖြစ်ကြောင်းသူမကပြော ပါတယ်။ ဥရောပတည်ငြိမ်ရေးယန္တရား ကယ်တင်ရေးရန်ပုံငွေနဲ့ ဥရောပဗဟို ဘဏ်ဘွန်းစာချုပ်ဝယ်ယူမှုအစီအစဉ် တွေမှာ အလားအလာကောင်းတာတွေ မတွေ့ရသေးပါဘူး။ ဝယ်လိုအား ထိန်းထားနိုင်ဖို့ အ တွက်ဥရောပမှာ ငွေကြေးမူဝါဒလျှော့ချ တာတွေကိုထပ်မံဆောင်ရွက် ရင်သင့် တော်လိမ့်မယ်လို့  လားဂတ်က ပြောပါ တယ်။ အမေရိကန်နိုင်ငံရဲ့ချေးငွေအမြင့် ဆုံးသတ်မှတ်ချက် နဲ့ဘတ်ဂျက်လိုငွေ လျှော့ချရေးအစီအစဉ်တွေနဲ့ ပတ်သက် ပြီးအငြင်းပွားနေကြ တဲ့ နိုင်ငံရေးသမား တွေ သဘောတူညီအောင် ဆောင်ရွက် ဖို့လိုကြောင်း ပြောပါတယ်။ အမေရိကန်  ဘဏ္ဍာရေးအကျပ် အတည်းက  ကမ္ဘာ့စီးပွားရေးကိုစီးပွား ရေး  ဆုတ်ကပ်ဖြစ်စေခဲ့ ပြီးနောက်ပိုင်း လေးနှစ်ကျော်အကြာမှာ  လားဂတ်က ဘဏ္ဍာရေးစနစ်ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ် ဖို့တိုက်တွန်းခဲ့ပါတယ်။ ငွေကြေးစစ်ပွဲနဲ့အခြားငွေကြေး တန်ဖိုးအပြိုင်အဆိုင်ချနေတာကိုခိုင်ခိုင် မာမာဆန်ကျင်ကြောင်း ဂျပန်နိုင်ငံနှင့် ပတ်သက်၍ ပြောကြားစဉ် သူမကပြော ကြားခဲ့ပါတယ်။