Main menu

Background

ကိုယ်ကျိုးစီးပွား ကာကွယ်မှု ကြီးထွားလာမည်ကို ကိုရီးယား ပို့ကုန်လုပ်ငန်းရှင်တို့ စိုးရိမ်

Mon, 01/21/2013 - 08:22 -- ydnar

နိုင်ငံကြီးတွေက အလုပ်အကိုင် ဖန်တီးဖို့အလူးအလဲရုန်းကန်ဆောင်ရွက် နေရပြီးကာလရှည်ကြာစွာနှေးကွေးကျ ဆင်းနေတဲ့သူတို့ရဲ့ ပြည်တွင်းစက်မှုလုပ် ငန်းတွေကို အကာအကွယ် ပေးလာ မှာ ဖြစ်တဲ့အတွက်ယခုနှစ်ထဲ မှာတောင်ကို ရီးယားပို့ကုန်လုပ်ငန်းတွေ ကိုယ်ကျိုးစီး ပွားကာကွယ်မှုကိုပိုမိုခံစားရမှာဖြစ်ကြောင်း အစီရင်ခံစာ တစ်ခုမှဖော်ပြထားပါတယ်။

ဒီဇင်ဘာလကစပြီး ရော်ဘာတုအ ပါအဝင်တောင်ကိုရီးယားထုတ်ကုန် ၁၆  မျိုးကိုတောင်ကိုရီးယား ရဲ့ထိပ်တန်း ကုန် သွယ်ဖက်နိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကတန် ပြန်စုပုံခွန်ကောက်ခံခဲ့ကြောင်းတောင် ကိုရီးယားကုန် သွယ်ရေးရ င်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအေဂျင်စီ(ကိုထရာ)က ထုတ် ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက တောင်ကိုရီးယား ဖြစ် ဖန်နန်မျှင်တွေကို တန်ပြန်စုပုံခွန် ကောက်ခံဖို့စဉ်းစားနေတဲ့အပြင်တောင် ကိုရီးယားလုပ်ငန်းတွေကထုတ်လုပ်တဲ့ ပိုလီစီလီကွန်တွေကိုလည်း အလားတူ ကောက်ခံမှုတွေပြုလုပ် လာနိုင်ကြောင်း အများစုကလက်ခံထားပါတယ်။ တောင်ကိုရီးယားကထုတ်လုပ်တဲ့ အဝတ်လျှော်စက်တွေကိုတန်ပြန်စုပုံခွန် ကောက်ခံဖို့စဉ်းစားနေ တဲ့အပြင်တောင် ကိုရီးယားလုပ်ငန်းတွေကထုတ်လုပ်တဲ့ ပိုလီစီကွန်တွေကိုလည်းအလား တူ ကောက်ခံမှုတွေပြု လုပ်လာနိုင်ကြောင်း အများစုကလက်ခံထားပါတယ်။ တောင်ကိုရီးယားကထုတ်လုပ်တဲ့ အဝတ်လျှော်စက်တွေကိုတန်ပြန်စုပုံ ခွန်တွေကောက်ခံဖို့အမေရိကန် စီးပွား ရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကဒီဇင်ဘာလအတွင်းကဆုံးဖြတ်ခဲ့ပါတယ်။ သွင်းကုန်ပစ္စည်းတွေကြောင့် ပြည် တွင်းစက်မှုလုပ်ငန်းတွေပျက်စီးရာပျက် စီးကြောင်းဖြစ်စေတယ် ဆိုပြီးရုရှားနိုင်ငံ ကလည်း တောင်ကိုရီးယားမီးဖိုဆောင် သုံးပစ္စည်းတွေနဲ့ ချည်မျှင်တုတွေ တင် သွင်းမှုစိစစ်လျက် ရှိပါတယ်။ "ကမ္ဘာ့စီးပွားရေးနှေးကွေး ကျ ဆင်းနေချိန်မှာတောင်ကိုရီးယားရဲ့ပို့ကုန် တွေမှန်မှန် တိုးတက်နေတဲ့ အတွက် တောင်ကိုရီးယားနိုင်ငံဟာကုန်သွယ်ဖက် နိုင်ငံကြီးတွေရဲ့ပစ်မှတ်ဖြစ်လာပါတယ်" လို့ကိုထရာမှအရာရှိ တစ်ဦးကပြောပါတယ်။ အထူးသဖြင့် သံမဏိနဲ့ရေနံဓါတု ပစ္စည်းထုတ်ကုန်တွေဟာကိုယ်ကျိုးစီး ပွားကာကွယ်မှုကို တိုးမြှင့်ဆောင်ရွက်နေ တဲ့နိုင်ငံကြီးတွေနဲ့ရင်ဆိုင်ရဖွယ်ရှိကြောင်း အရာရှိက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုးဘားမားကကမ္ဘာ့တစ်ဝန်း လုံးမှာရှိတဲ့အမေရိကန် တို့ရဲ့ကုန်သွယ်မှု အခွင့်အရေးတွေကိုကာကွယ်ဖို့အတွက် ကုန်သွယ်မှု ဥပဒေ အကောင်အ ထည် ဖော်ရေးစင်တာ ကို ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီလက ထူထောင်ခဲ့ပါတယ်။ ကုန် သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ် မှု တွေ  ပြင်းထန်လာမဲ့  သဘော  ရှိပါ တယ်။