Main menu

Background

အစိုးရက ဘတ်ငွေတန်ဖိုးကို ထိန်းသိမ်းထားဖို့ ထိုင်းပို့ကုန်လုပ်ငန်းရှင်တို့အလိုရှိ

Mon, 01/21/2013 - 08:43 -- ydnar

ထိုင်းနိုင်ငံအတွင်းမှ နိုင်ငံခြား မတည်ငွေတွေကို ပြန်လှည်လွှဲထုတ်ပေးပြီး ဘတ်ငွေတန်ဖိုးမြင့်တက်နေတာကို ရပ်တန့်ဖို့အတွက် အစီအမံတစ်ရပ်အဖြစ်ဗဟို ဘဏ်ရဲ့ပေါ်လစီအတိုနှုန်းတွေေ လျှာ့ချပေးဖို့ ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေက ထိုင်းဗဟိုဘဏ်ကိုတိုက်တွန်းပါတယ်။ ၂၀၁၂ ခုနှစ်နှစ်ကုန်ကစပြီး ဘတ်ငွေ တန်ဖိုး ၃ ရာခိုင်နှုန်းဆက်လက်မြင့်တက် ကာအတက်ဘက်မှာဆက်လက် တည်ရှိ နေတဲ့အတွက်အစိုးရ ကချက်ချင်းအရေး ယူဆောင်ရွက်ပေးဖို့ ထိုင်းအမျိုးသား ကုန်ပစ္စည်းတင်ပို့သူများအသင်းရဲ့ ဥက္ကဌ ပိုင်ဘွန်ပွန်ဆု ဝန်နာက အစိုးရကိုတိုက် တွန်းပါတယ်။

အပြောထက်ငွေကြေးကိုစီမံခန့်ခွဲ နိုင်ဖို့အတွက်တိကျခိုင်ခန့်တဲ့အစီအမံ တွေကိုအစိုးရကအလျင်အမြန်ဆောင်ရွက်ဖို့ လိုကြောင်း၊ ငွေကြေးတန်ဖိုးမြင့်နေ တာကိုမဖြေရှင်းပါက ပို့ကုန်လုပ်ငန်း ကဏ္ဍသာမက နိုင်ငံခြားသားခရီးသည် အသင်းပါ ထိခိုက်နိုင်ကြောင်း သူက ပြောပါတယ်။ ဘတ်ငွေတန်ဖိုးမြင့်တက်မှုကြောင့် ပို့ကုန်သမားအများစုကိုထိခိုက်မှုဖြစ်စေ ခဲ့ကြောင်းသူကပြောပါတယ်။ အကာအရံအဖြစ်ဆောင်ရွက်နိုင်တဲ့စာချုပ်တွေ ကိုဝယ်ယူထားနိုင်တဲ့အတွက် ပို့ကုန်လုပ် ငန်းရှင်ကြီးတွေ သာသက်သာရာရခဲ့တဲ့ တယ်လို့သူကပြောပါတယ်။ ဘတ်ငွေတန်ဖိုးမြင့်တက်တာနဲ့ လုပ်ခတွေကြေး  မြင့်တက်မှု ဆိုတဲ့မျက်နှာစာနှစ်ခုမှာ ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲနဲ့ရင် ဆိုင် တွေ့ကြုံနေရေ ကြာင်း ထိုင်းစက်မှု လုပ်ငန်းအသင်း ဒုတိယဥက္ကဌဗားလော့ဗီ တာနာကွန်ကပြောပါတယ်။ ဘတ်ငွေတန်ဖိုးကို တစ်ဒေါ်လာ ၃၀ ဘတ်ဝန်းကျင်ထိန်းထားနိုင်ဖို့ အစိုး ရကအစီအမံတွေဆောင်ရွက်သလို ဗဟိုဘဏ်ကလည်း မူဝါဒအတိုးနှုန်းတွေအ လျင်အမြန်လျှော့ချပေးရမှာ ဖြစ်ပါတယ်။