Main menu

Background

အာရှဆေးဝါးကုသမှု ခရီးသွားလုပ်ငန်း အလားအလာကောင်း

Mon, 01/21/2013 - 08:45 -- ydnar

အိန္ဒိယ၊ မလေးရှား၊ တောင်ကိုရီး ယားနဲ့ထိုင်းနိုင်ငံစတဲ့ အာရှနိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းမှာဆေးဝါးကုသမှု ခရီးသွားလုပ်ငန်းကြီးထွားခိုင်မာ လျက် ရှိနေပါတယ်။ ကမ္ဘာ့ဆေးဝါးကုသမှုခရီး သွားလုပ်ငန်းမှဝင်ငွေ က ဒေါ်လာဘီလီယံ ၁၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အာရှဒေသ ခရီးသွား လုပ်ငန်းတွေဝင်ငွေက ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံရှိပါ တယ်။ထိုမျှမက နောက်ထပ် ဖွံ့ဖြိုးတိုးတက်လာမဲ့ အလားအလာကလည်း အများအပြားရှိနေ ပါတယ်။

အိန္ဒိယနဲ့ထိုင်းနိုင်ငံတို့က အစဉ်အလာအားဖြင့် ဒီလုပ်ငန်းကို လွှမ်းမိုး ထားပါတယ်။ ဒါပေမဲ့ စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဒီ အလားအလာတွေကိုသိမြင်လာကြပြီး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက်အစိုးရကဦးစီးပြီး အကောင်အထည်ဖော်လျက် ရှိနေပါတယ်။ ဒီလို ဆောင်ရွက်မှုမှရရှိလာတဲ့ အကျိုးအမြတ်တွေ လွန်စွာကြီးမားလျက်ရှိပါတယ်။ ဥပမာအားဖြင့် လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ မလေးရှားနဲ့ စင်ကာပူ နိုင်ငံရဲ့တစ်နှစ်ပျမ်းမျှတိုးတက်နှုန်းက ၂၉ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၁၁ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ပြင်ပကို သွားရောက်ပြီးဆေးဝါးကုသမှု ခံယူကြ တဲ့ အကြောင်းအရင်းများရှိတဲ့အနက် ကုန်ကျစရိတ်များပြားခြင်း၊ ကုသခံဖို့ အချိန်အများကြီးစောင့်ဆိုင်းရခြင်း၊ ထိုင်းနိုင်ငံ အပါအဝင် သက်ဆိုင် ရာ နိုင်ငံတွေရဲ့ ဆေးကုသမှုနည်းပညာ တိုးတက်လာခြင်းနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာမှု ခရီးစရိတ်သက်သာခြင်းစတဲ့ အကြောင်းအရင်းတွေ ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်း (AEC) ပေါ်လာ တဲ့အခါ အာဆီယံဆေးဝါးကုသရေးဝန်ဆောင်မှု လွတ်လပ်စွာစီးဆင်းမှုကို ချောမွေ့လွယ်ကူစေပြီး အာဆီယံအသိုက်အဝန်း အတွင်းမှာ ဆေးဝါးကုသမှု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေနိုင်ပါတယ်။ အာဆီယံဒေသ ကျန်းမာရေး စောင့်ရှောက်မှု တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်ကျော်ပြီး လုပ်ငန်းပေါင်းစည်း မှုတွေက ဖြစ်ပေါ်လာနိုင်မဲ့ အလားအလာ ရှိပါတယ်။ AEC အတွင်းမှာရှိတဲ့အခြား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပုဂ္ဂလိကဆေးရုံတွေကလည်း AEC က ဖော်ဆောင်မဲ့ အခွင့် အလမ်းတွေကို ခံစားနိုင်ဖို့အတွက် လုပ်ငန်း ပေါင်းစည်းရေး  လုပ်ငန်းတွေကို အကောင်အထည်ဖော်ေ ဆာင်ရွက်လာပါတယ်။                  UNT