Main menu

Background

ဒေသတွင်း သွပ်ပြားဈေးကွက်ကို နိုင်ငံခြား ကုမ္ပဏီများ လက်ဝါးကြီးအုပ်မည်ကို ဗီယက်နမ် စိုးရိမ်

Mon, 01/21/2013 - 08:46 -- ydnar

အရှေ့တောင်အာရှဒေသက ဘ လူးစကုတ်စတီးဂရုက ကုမ္ပဏီရှယ်ယာ များကိုဝယ်ယူပြီးဈေးကိုလက်ဝါးကြီး အုပ်ဖို့ကြံရွယ်လျက်ရှိတဲ့အတွက် စိုးရိမ် နေကြောင်းဖေါ်ပြလျက်ဗီယက်နမ်နိုင်ငံ ဟိုဆန်းဂရုကသက်ဆိုင်ရာ အာဏာပိုင် ထံ စာရေးသားအကြောင်းကြား တင်ပြ ခဲ့ပါတယ်။

 
ဒေသတွင်းရှိ အစိုးရများကိုသြဇာ ညောင်းနိုင်အောင်အရှေ့တောင်အာရှ ရှိ ဘလူးစကုတ်စတီးကကြိုးပမ်း လျက်ရှိ တဲ့အပြင်ဒေသတွင်းရှိသွပ်ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေကြောင်း ဟိုဆန်းဂရုကသတင်းရပ် ကွက်အသီး သီးမှသတင်းများရရှိထားပါတယ်။ လွန်ခဲ့သော လပေါင်းများစွာ အ တွင်းကတန်ပြန်စုပုံခွန်နဲ့ထောက် ပံ့ကြေး ပေးခြင်းကို တန်ပြန်ဆောင်ရွက်မဲ့ဥပဒေ ပြဌာန်းချက်များတိုးမြှင့်သတ်မှ တ်ပြီး ကာကွယ်ရေး မဟာဗျူဟာများကို ချမှတ်ပေးဖို့ ဒီအုပ်စုက ဒေသတွင်းရှိ အစိုးရများကို အကွက်ကျကျ ချဉ်းကပ် လာခဲ့ပါတယ်။ အကယ်၍ ဗီယက်နမ်ကထိုင်းနိုင် ငံအတွင်းသို့တင်ပို့နေတဲ့ ပို့ကုန်ပမာဏ  ကိုမထိန်းချုပ်ဘူးဆိုရင် ဗီယက်နမ်က တင်သွင်းနေတဲ့သွပ်ပြားများနဲ့ပတ်သက် ပြီးတန်ပြန်စုပုံခွန်နဲ့ပတ်သက်တဲ့စုံစမ်း စစ်ဆေးမှုတွေပြု လုပ်ပေးဖို့ ထိုင်းနိုင်ငံ ကထိုင်းအစိုးရကိုတိုက်တွန်းထားကြောင်း ဗီယက်နမ်သိုအိုင်ဆိုကင်တေးဆိုင်ဂုံ ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုအချိန်က ဒီကိစ္စကိုလူအများစုက အာရုံမစိုက်မိခဲ့ကြပါဘူး။ ဒီမတိုင်မီ ၂၀၁၂ ခုနှစ်သြဂုတ်လ အတွင်းကလည်း မလေးရှား သံမဏိ အသင်းကလည်း အလားတူသတိပေးတာ မျိုးပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီကာ လအတွင်းက မလေးရှားနိုင်ငံထဲကို သံမဏိနဲ့ PPG ပစ္စည်းတွေအဝင်များ ခဲ့တဲ့အတွက်ပြည်တွင်းထုတ်လုပ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်လို့ဆိုပါ  တယ်။ ဗီယက်နမ်နိုင်ငံကညှိနှိုင်းမှုတွေ ကိုအချိန်မီမပြုလုပ်ဘူးဆိုရင်ဗီယက်နမ် ထုတ်ကုန်တွေကို တရားစွဲရလိမ့်မယ်လို့ ဆိုပါတယ်။ ဗီယက်နမ်နိုင်ငံကို သတိပေးဖို့ကြိုး ပမ်းလှုပ်ရှားတာက ဘလူးစကုတ်စတီး ထိုင်းလင်းကုမ္ပဏီဖြစ်ကြောင်း ဟိုဆန်း ဂရုကုမ္ပဏီရဲ့ ပေးစာမှာ ဖော်ပြထားပါ တယ်။ ဘလူးစကုတ်စတီးထိုင်းလင်းရဲ့ အကြီးတန်း အမှုဆောင်အရာရှိတစ်ဦး က ဗီယက်နမ် သံမဏိအသင်း (VSA) ကိုပေးတဲ့ပေးစာမှာ ဗီယက်နမ်သွင်းကုန် တွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ထိုင်းထုတ်လုပ်သူတွေက ထိုင်းအစိုးရ  ကိုအဆိုပြုသွားမယ်လို့ ခြိမ်းခြောက်ခဲ့ ပါတယ်။ ယခင်ကလည်းတရုတ်၊တောင် ကိုရီးယားနဲ့တရုတ် (တိုင်ပေ) ထုတ် ကုန်တွေကိုအလား တူပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က လည်း ဘလူူူးစကုတ်စတီးအင်ဒိုနီးရှား က VSA ကိုအလားတူသတိပေးတာ မျိုးပြုလုပ်ခဲ့ပါတယ်။ ဘလူးစကုတ်စ တီးသြစတြေးလျကလည်း တောင်ကို ရီးယား၊ တရုတ်၊ ဂျပန်နဲ့ တရုတ် (တိုင် ပေ) မှာ အလားတူ ထုတ်ကုန်များကို တရားစွဲခဲ့ပါတယ်။
ဘလူးစကုတ်စတီးရဲ့လှုပ်ရှားမှု တွေကိုကြည့်ခြင်းအားဖြင့် သူ့ထုတ် လုပ်မှုလုပ်ငန်းတွေဆောင်ရွက် တဲ့နေရာ တွေကိုနိုင်ငံခြားပို့ကုန်တွေမဝင်လာ အောင်ပိတ်ဆို့ထားပုံအခိုင်အမာဆုံး  ဖြတ်ထားတယ်ဆိုတာကိုပြသေ နကြောင်း ဟိုဆန်းဂရုညွှန်ကြားရေးမှူးချုပ်ထရန် ငေါ့ချူးကပြောပါတယ်။ UNT