၂၀၁၃ မှာ ဈေးကွက်သာလာတဲ့ မုံရွာနယ်က အစေ့မဲ့ဖရဲ
မုံရွာခရိုင်ရဲ့ သဲသောင်ပြင်နဲ့တကွ မြေလွတ်၊ မြေရိုင်း၊ ပလပ်မြေတွေမှာ ဆယ်စုနှစ်နီးပါး အစေ့မဲ့ဖရဲကိုသာ တ စိုက်မတ်မတ် စီးပွားဖြစ် စိုက်ပျိုးခဲ့ကြတဲ့ ခွာညိုနဲ့ ဘိုမြင့်သူ သစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချရေး ကုမ္ပဏီတို့ မှာ ပြီးခဲ့တဲ့ ၂၀၁၂ ဖရဲစိုက်ရာသီမှာ ဧက ၁၀၀၀ နီးပါး စိုက်ပျိုးခဲ့ကြသလို မူဆယ်ဈေးကွက်ရဲ့ ဝယ်လက်အတုံ့ အနှေးကြောင့် ဖရဲဈေးအေးလို့ အရှုံး ပေါ်ခဲ့ရာက ၂၀၁၃ ခုနှစ်အစ ဇန်နဝါ ရီလမှာတော့ အဝယ်သွက်ဈေးမော့လာ တယ်လို့ ဘိုမြင့်သူကုမ္ပဏီ တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။
အဆိုပါ ကုမ္ပဏီအနေနဲ့ အစေ့မဲ့ဖရဲ ကိုသာ တရုတ်ဈေးကွက်အတွက် ရည် ရွယ်ပြီး၊ ရာသီချိန်အတွင်း စဉ်ဆက် မပြတ် စိုက်ပျိုးထုတ်လုပ်တင်ပို့နေတာ ကြောင့် ရံဖန်ရံခါ အရှုံးနဲ့ ကြုံတွေ့ရပေ မယ့် စိုက်ဧကများစွာမှာ စိုက်ချိန်ခွဲခြား စိုက်ပျိုးမှုရဲ့ရလဒ်ကြောင့် အခုလို ဈေး ကောင်းရခဲ့သလို အရှုံးထေပြီး အမြတ်ရ ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ရင်းနှီး မြှုပ်နှံမှုအားကောင်းခြင်း၊ ဖရဲစိုက်ပျိုးမှု ပညာပြည့်ဝကျွမ်းကျင်ခြင်းနဲ့ ဈေးကွက် မှန်းဆတွက်ချက်ထုတ် လုပ်နိုင်ခြင်းစတဲ့ အားသာချက်တွေကြောင့် ခုလိုဈေး ကွက်ရဲ့ အတက်အကျဒဏ်ကို ခံနိုင်စွမ်း ရှိတာဖြစ်တယ်လို့ လည်း သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၁၂ ရာသီပိတ်ချိန်က မူဆယ်ဈေးကွက်ရဲ့အစေ့မဲ့ဖရဲအရောင်း အဝယ်ပေါက်ဈေးအရ တစ်ကီလို ကို မြန်မာငွေ ၂၀၀ ကျပ်ခန့်နဲ့ ဖရဲတစ်လုံး ၁၄၀၀ ကျပ်ခန့်သာရလို့ အရှုံးပေါ်ခဲ့ပေ မယ့် ၂၀၁၃ ဇန်နဝါရီ လဝက်အတွင်း ဖရဲဈေးမှာ တစ်ကီလို မြန်မာငွေ ၄၀၀ ကျပ်ခန့်နဲ့ အစေ့မဲ့ဖရဲတစ်လုံး ၂၈၀၀ ကျပ်မှ ၃၀၀၀ကျပ်အတွင်း ဈေးကောင်း ရလို့ တွက်ခြေကိုက်တယ်လို့ ဆိုပါ တယ်။ ယခုအချိန်ထိ မုံရွာမြို့နယ်ရဲ့ အရှေ့ပိုင်းသာစည်လမ်းတစ်ကြော မှာ စိုက်ခဲ့ကာ ဧက ၄၀၀ ခန့်က ထုတ်လုပ် တင်ပို့ခဲ့ပြီး၊ ညောင်ပင်ဇောက်ကျေးရွာ ဝန်းကျင်မှာစိုက်ခဲ့တဲ့ အစေ့မဲ့ ဖရဲ ဧက ၁၀၀ ဟာ လာမဲ့ ဇန်နဝါရီလကုန်ပတ် အတွင်း ခူးဆွတ်နိုင်မယ်လို့ သိရပါ တယ်။ ဖေဖော်ဝါရီလအတွင်း မူဆယ် ဈေးကွက်တင်ပို့ဖို့လည်း ချောင်းဦးမြို့ နယ်မှာ အစေ့မဲ့ ဖရဲဧက ၄၀ ခန့်စိုက် ပျိုးထားရှိကြောင်းနဲ့ ယခုလဝက်အတွင်း မှာ မူဆယ်ဈေးကွက်ကို အစေ့မဲ့ဖရဲကား ၂၅ စီးတင်ပို့နိုင်ခဲ့တယ်လို့ အဆိုပါ ဘိုမြင့်သူကုမ္ပဏီတာဝန်ခံ ဦးဝင်းဗိုလ် က ပြောပါတယ်။ ထွန်းလှိုင်-မုံရွာ
