စစ်ကိုင်းမြို့နယ်၊ ကျောက်ကာကျေးရွာက ကျောက်လူသုံးကုန်ထုတ်လုပ်ငန်၊
စစ်ကိုင်းမြို့နယ်၊ ကျောက်ကာကျေးရွာမှာ ကျောက် လူသုံးကုန်ထုတ်လုပ်ငန်းဖြစ်တဲ့ မြန်မာ့ရိုးရာ ကျောက်ပျဉ် လုပ်ငန်းကို ရှေးအစဉ်အဆက် ၁၁၅၂ ခုနှစ်မှစတင်ခဲ့ပြီး အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် စတင်လုပ်ကိုင်ခဲ့ ကြပါတယ်။
ယခုကျောက်ကာကျေးရွာမှာ အိမ်ခြေ ၆၄၀ ရှိရာ ၃ ပုံ ၂ ပုံခန့်မှာ ကျောက်ပျဉ်လုပ်ငန်းကို အိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်ကြောင်း သိရပါတယ်။ ကျောက်လူသုံးကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လုပ် ငန်းလုပ်ကိုင်သူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ဘဏ္ဍာရန်ပုံငွေမှ လုပ်ငန်းရှင်ခြောက်ဦးကို တစ်ဦး ကျပ် ၅ သိန်းနှုန်းဖြင့် ကျပ်ငွေပေါင်း သိန်း ၃၀ ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရင်းနှီးမြှုပ်နှံမှုအတွက် ပံ့ပိုးထုတ်ချေး ပေးခဲ့ပါတယ်။၎င်းင်းလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိ မရှိ၊ တိုးတက်မှုအခြေအနေတို့ကို မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်းမန်နေဂျာ ဦးအောင်မောင်းနဲ့ စစ်ကိုင်းတိုင်း မြို့နယ်ဝန်ထမ်းတို့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ကွင်းဆင်းရာ မှာ ကျောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးသန်းစိုး ရဲ့ လုပ်ငန်းလုပ်ဆောင်မှု အခြေအနေကို လေ့လာမေးမြန်း ခဲ့ပါတယ်။ဦးသန်းစိုးတည်ထောင်ထားတဲ့ ကျောက်ပျဉ်လုပ်ငန်း မှာ ရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်း ၄၀ မှ ၅၀ ဖြစ်ပြီး လုပ်သား ၁၅ ဦးရှိပါတယ်။ ကုန်ကြမ်းပစ္စည်း ကျောက်အရိုင်းတုံးများ ကို ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာမှ မှာယူပြီး ကျောက်ကာကျေးရွာမှာ ကုန်ချောပစ္စည်း ကျောက်ပျဉ်များ ကိုထုတ်လုပ်ခဲ့ပါတယ်။ အရွယ်အစား ၁၂ မျိုးရှိပြီး ကလေး ကစားတဲ့ ကျောက်ပျဉ် ၁၀၀ ကျပ်တန်မှ အနိမ့်ဆုံး ၁ ဒသမ ၅ လက်မအရွယ် တစ်ချပ်ကို ၁၅၀ကျပ်မှ ၅ လက်မ အရွယ် ၃၀၀ ကျပ်၊ ၈ လက်မအရွယ် ၅၅၀ ကျပ်၊ ၉ လက်မအရွယ် (နိမ့်) ၆၅၀ ကျပ်၊ (မြင့်) ၁၂၀၀ ကျပ်၊ ၁၂ လက်မအရွယ် (နိမ့်) ၉၀၀ ကျပ်၊ (မြင့်) ၂၀၀၀ ကျပ်အထိ ဈေးနှုန်းဖြင့် ရောင်းချပါတယ်။ အရွယ်အစားအလိုက် အရောင်းရအသွက်ဆုံး အရွယ်မှာ ၈ လက်မအရွယ် ၅၅၀ ကျပ်နှုန်း အရွယ်ဖြစ်ပြီး တစ်ချပ်ကို ၇၅ ကျပ် အမြတ်ရပါ တယ်။ အရွယ်အစား အမျိုးမျိုးအတွက် အမြတ်ရရှိမှုမှာ တစ်ချပ်ကို အနိမ့်ဆုံး ၅၀ ကျပ်မှ အမြင့်ဆုံး ၂၀၀ ကျပ်အထိ ရရှိပါတယ်။ ကျောက်အရိုင်းကုန်ကြမ်း ဒိုင်နာကားတစ်စီးကို ငွေ ကျပ် ၁၅ သိန်း အရင်းအနှီးရှိပြီး ကုန်ချောကျောက်ပျဉ် ၂၂၀၀ ချပ်မှ ၂၃၀၀ ချပ်အထိ ထွက်ရှိပါတယ်။ လုပ်သားခ ပေးချေမှုမှာ အမျိုးသမီးတစ်ဦး တစ်နေ့ကို ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ အထိရရှိပါတယ်။ အမျိုးသမီးတစ်ဦး တစ် နေ့လုပ်အား ၈ လက်မ ကျောက်ပျဉ်အရွယ် ၂၀ ချပ်ပြီးစီး မှုရှိပြီး၊ တစ်ချပ်လုပ်ခ ၁၂၅ ကျပ်ရရှိပါတယ်။ အမျိုးသား တစ်ဦးကို တစ်နေ့လုပ်ခ ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ပေးချေရပါတယ်။ ကုန်ကြမ်း ၁၅ သိန်းရင်းနှီးပါက ကုန်ချော ၁၀ ရက် လုပ်ကိုင်ရပြီး၊ အမြတ်ငွေ ကျပ် တစ်သိန်းကျန်ရှိပါတယ်။ တစ်လဆိုရင် ၃ သိန်းကျပ် အမြတ်ရရှိပါတယ်။ လုပ်ငန်းမှာ တစ်နှစ်ပတ်လုံးရှိပြီး ၁၀ လမှာ ရာသီချိန် လုပ်ငန်းတွင် ကြောင်း သိရပါတယ်။ရောင်းဝယ်ဖောက်ကားမှုအနေနဲ့ ကျောက်ပျဉ်များ ကို စစ်ကိုင်းမြို့မဈေး၊ ကောင်းမှုတော်ဘုရား၊ မန္တလေးမြို့၊ လားရှိုး၊ မော်လမြိုင်၊ ရန်ကုန်မြို့နဲ့ မြန်မာပြည်အနှံ့ တင်ပို့ ရောင်းချပါတယ်။ မော်လမြိုင်နဲ့ ရန်ကုန်မှ ကုန်သည် အချို့ ဟာ စစ်ကိုင်းမှ ကုန်ချောကျောက်ပျဉ်များကို ရေဆေးပြီး ပလတ်စတစ်အကြည်အုပ်၊ ထုပ်ပိုးစနစ်ပြောင်းပြီး ထိုင်း တံဆိပ်ရိုက်ပြီး ပြည်ပမှဝင်လာသကဲ့သို့ ရောင်းချကြောင်း၊ ထိုင်းနိုင်ငံကိုေ တာ့ ကျောက်ပျဉ် အသေးအရွယ်များကို အများဆုံးတင်ပို့ကြောင်း သိရပါတယ်။ဒါကြောင့် ဒီလုပ်ငန်းကို ၎င်းင်းတို့ရဲ့ ဆွေစဉ်မျိုးဆက် စီးပွားရေးတစ်ရပ်အနေနဲ့ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ နောက်ထပ်တစ်ကြိမ် ငွေချေးပေးမယ် ဆိုရင် လုပ်ငန်းရှင်တစ်ဦးကို ရင်းနှီးမြှုပ်နှံငွေကျပ် ၁၅ သိန်း သို့မဟုတ် ကျပ်သိန်း ၃၀ ၊ အရောင်းအဝယ်သမားတစ်ဦး ကျပ် ၅ သိန်းနှုန်းနဲ့ သုံးဦးတွက် ကျပ် ၁၅ သိန်း ထုတ်ချေး ပေးမယ်ဆိုပါက အရင်းနှီးငွေပိုမိုရရှိပြီး လုပ်ငန်းတိုးချဲ့ ခြင်းဖြင့် လုပ်သားများ ပိုမိုအလုပ် အကိုင်အခွင့်အလမ်း များရရှိမှာဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် ရှေးယခင်အဆက် နန်းတွင်းသူများ မှုန်နံ့ သာခြယ်သရန် သနပ်ခါးသွေးရာမှာ မရှိမဖြစ်အသုံးပြု ရတဲ့ ကျောက်ပျဉ်လုပ်ငန်းကို မြန်မာ့ရိုးရာ အိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ရပ်အနေနဲ့ လည်းကောင်း၊ ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) လုပ်ငန်းတစ်ရပ်အနေနဲ့ လည်း ကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့လမ်းညွှန်ချက်နဲ့ အညီ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ပါ တယ်။ ချိုချိုဝင်း-စစ်ကိုင်း
