Main menu

Background

ဈေးကွက်ကောင်းတဲ့ ဝဥများ တိုးချဲ့စိုက်စို့လား

Mon, 01/21/2013 - 08:55 -- ydnar

မြန်မာနိုင်ငံတွင် ဝဥပင်များသည် ကရင် ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း၊ တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်း ပေါ်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တို့ရှိ သစ်ရိပ်၊ ဝါးရိပ်အောက်၊ အရိပ်အာဝါသ ကောင်းသော သစ်တောမြေပွ၊ အစိုဓာတ်ကောင်း သောနေရာတို့တွင် သဘာဝအလျှောက် ပေါက် ရောက်ကြောင်း သိရှိရပါတယ်။

ယခုအခါ ဝဥခြောက်လုပ်ငန်းများ တွင်ကျယ် လာသဖြင့် တောထဲတွင်အလေ့ကျ ပေါက်ရောက် သည်ကို စိုက်ခင်းများ ဖြင့်စိုက်ပျိုးလာသလို မြောင်း ဘောင်တင်၍လည်း  စိုက်ပျိုးလာကြပါသည်။ ဝဥတွင် အဖြူ၊ အနီ၊ အဝါသုံးမျိုးရှိပါသည်။ မိုး ရာသီ မြေပေါ်အပင်ပိုင်းထွက်ထွက်ပြီး အပင်မှာ ၂ ပေမှ ၄ ပေခန့် သာမြင့်လျက် ဆောင်းအခါ အပင်ကျ၍ ဥအမြစ်သာလျှင် မြေအောက်၌ အပင် ပွားရှင်သန်လေ့ရှိပါသည်။ စိုက်ပျိုးသော ဝဥများ တွင် မြေဆီမြေနှစ် ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ ၁၃ ပိဿာအထိ ထွက်ရှိသည်ဟု သိရှိရပါသည်။ ပင်လယ်ရေကြောင်းမှ ဝဥနှင့် ဝဥခြောက် မှုန့်တင်ပို့မှုကိုကြည့်ပါက ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ် တွင် တန်ချိန် ၂၃၀ ခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် တွင် တန်ချိန် ၄၀၀ ကျော်ခန့်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၀၀ ကျော်ခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်လည်း တန်ချိန် ၂၀၀ ကျော် ခန့်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (၂၀၁၃ ခုနှစ် ဇန်န ဝါရီ ၇ ရက်အထိ)တန်ချိန် ၂၀၀ ကျော်ခန့် တင်ပို့ခဲ့ ကြောင်း တွေ့ရှိရပါသည်။ ပြည်တွင်း၌ စားသုံး မှုနည်းသော်လည်း ပြည်ပနိုင်ငံများ၌ တန်ဖိုးကြီး အစားအစာအဖြစ် ပြုလုပ်စားသောက်ကြလေ့ရှိရာ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့လည်း အနည်း ငယ်စီတင်ပို့ကြပါသည်။ ဝဥကို အစားအစာများ၊ မုန့်များ ထုတ်လုပ် ရာတွင် ထည့်သွင်းအသုံးပြုခြင်း၊ ခေါက်ဆွဲပြု လုပ်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ အသားတု ပြုလုပ် ခြင်းများအပြင် ဝဥခြောက်၌ အဆီကျစေသော အာနိသင်ရှိ၍ ကိုလက်စထရော  ကျစေသော ကြောင့် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြ ကြောင်း တရုတ်၊ ဂျပန်နှင့် အနောက်ဥရောပနိုင်ငံ များတွင် အစားအစာအဖြစ်လည်းကောင်း၊ ဆေး ဝါးအဖြစ်လည်းကောင်း၊ သွားရေစာအဖြစ် လည်း ကောင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြကြောင်း သိရှိရပါသည်။ မြန်မာ့မြေမှထွက်သော မြန်မာ့ဝဥများ ရရှိပြီး သောဈေးကွက်များ မပျောက်ပျက်သွားအောင် အရေအတွက်ထက် အရည်အသွေး စံချိန်စံညွှန်း ကောင်းရန်လိုအပ်ပြီး ဈေးကွက်သစ်များထပ်မံရှာ ဖွေကြပါစို့။                      ခင်စန်းဝင်း