Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS ရုံးခန်းတွင် စားသုံးသူကာကွယ်ရေး နယ်လှည့်သင်တန်းပြုလုပ်

Mon, 01/21/2013 - 08:56 -- ydnar

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး TPIS  ရုံးခန်းမှာ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သတင်းအချက်အလက် Mobile  Tranining  နဲ့ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာေ ပးရေး သင်တန်းကို ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး နဲ့ မွေးမြူရေးဝန်ကြီး ဌာန ဝန်ကြီး ဦးစန်းမောင်မှ တက်ရောက်အမှာစကား ပြောကြား ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနဲ့ ဧရာဝတီတိုင်းဒေသကြီးမှ ဌာနဆိုင်ရာ တာ ဝန်ရှိသူပုဂ္ဂိုလ်များ၊ ကုန်စည်ဒိုင်များမှ တာဝန်ရှိ သူများ၊ အသင်း အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆန်စပါးအထူးပြုကုမ္ပဏီများမှ တာ ဝန်ရှိသူများ၊ စားသောက် ကုန်ထုတ်လုပ်ရောင်းဝယ်နေတဲ့ လုပ်ငန်း ရှင်များ၊ သင်တန်းဆရာ၊ ဆရာမများစုစုပေါင်း ၁၁၀ ဦးတက် ရောက် ခဲ့ပါတယ်။

၎င်းင်းသင်တန်းကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ် ရေးမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်း၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နဲ့ PTAC(1) ရိတ်သိမ်းချိန်လွန် နည်းပညာဌာနမှ ပညာရှင်များ၊ ဧရာဝတီတိုင်း ဒေသကြီးစိုက်ပျိုးရေး ဌာနမှ ပညာရှင်များမှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်ထိ ပို့ချသင်ကြားပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။၎င်းင်းသင်တန်းကို အခြားဌာနဆိုင်ရာများမှ ၁၀ ဦး၊ ကုန်စည် ဒိုင်မှ ၁၀ ဦး၊ အထူးပြုကုမ္ပဏီမှ ကိုးဦး၊ အခြားကုမ္ပဏီမှ တစ်ဦး၊ အသင်းအဖွဲ့မှ ခုနစ်ဦး၊ အခြားလုပ်ငန်းရှင် ၁၇ ဦး၊ မြန်မာ့လယ် ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ဝန်ထမ်း ၃၂ ဦး၊ စုစုပေါင်း ၈၆ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။  မင်းမင်းဦး-ပုသိမ်