Main menu

Background

အိန္ဒိယတွင် ကုလားပဲမှလွဲ၍ ဆောင်းပဲမျိုးစုံ စိုက်ပျိုးမှုလျော့ကျလာ၊ မတ်ပဲဈေးတက်ပြီး ပဲတီစိမ်း၊ ကုလားပဲဈေးကျ

Fri, 02/01/2013 - 04:23 -- ydnar

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲကို ပဲခွဲစက်နဲ့ ကုန်သည်များက အဝယ်လိုက်လို့ ဈေးမြင့်တက် လာပြီး ပဲစင်းငုံနီကို အဝယ်အေးသဖြင့် ဈေးအပြောင်းအလဲမရှိ ကြောင်း၊ ပဲတီစိမ်းနဲ့ ကုလားပဲမှာ ဈေးအနည်းငယ် ကျဆင်း ခဲ့ကြောင်း သိရပါတယ်။ အတ္တာပရာဒက်ရှ်ပြည်နယ်ရှိ ကန်ပါ ဈေးကွက်၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ပီပါရီယ ဈေး ကွက်၊ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ဂန်းဘိုဆိုဒါ ဈေးကွက်တွေမှာ ပဲအဝင်နည်း၊ ဝယ်အားကောင်း တဲ့အတွက် ကုလားပဲ၊ စား တော်ပဲ၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ Masoor ပဲတွေ ဈေးတက်ခဲ့ပါ တယ်။ မဟာရှ်တရာပြည်နယ်ရှိ  အမရာဗာတီ ဈေးကွက်မှာ တော့ ကုလားပဲတွေ အဝင်များတဲ့အတွက် ဈေးကျခဲ့ပါတယ်။

ဒီရက်ပိုင်းထဲမှာ အိန္ဒိယကို သြစတြေးလျ၊ မာလာဝီ၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ မြန်မာ၊ အမေရိကန် ပြည်ထောင်စု တို့က ပဲတွေဝင်ရောက်နေပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မှာ အိန္ဒိယနိုင်ငံ JNDP   ဆိပ်ကမ်းမှာ သြစတြေးလျ ကုလားပဲ ကွန်တိန်နာ ၄၀၄ လုံး၊ ပဲတီစိမ်း ၄ လုံး၊ Masoor ၁၀ လုံး၊ မာလာဝီ ပဲစင်းငုံ ၅ လုံး၊ မိုဇမ်ဘစ်ပဲစင်းငုံ ၁၃၁ လုံး၊ တန်ဇန်း နီးယားပဲစင်းငုံ ၁၀ လုံး၊ မြန်မာပဲစင်းငုံ ၂၅ လုံး၊ မတ်ပဲ အလုံး ၂၀၊ ပဲတီစိမ်း ၂၃ လုံး၊ အမေရိကန်ပြည်ထောင်စုမှ ပဲဝါလေး ကွန်တိန်နာ ၁၀ လုံး ဝင်ရောက်လာခဲ့ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်န ဝါရီလ၁၈ ရက်နေ့အထိ ပဲမျိုးစုံ စိုက်ပျိုးမှုဟာ ယခင်နှစ် စိုက် ဧရိယာ ဟက်တာ ၁၄ ဒသမ ၃၂၆ သန်းထက် ဟက်တာ ၉၃၀၀၀ လျော့နည်းခဲ့ပြီး ၁၄ ဒသမ ၂၃၃ ဟက်တာသန်းသာ စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကုလားပဲစိုက်ပျိုးမှု ကတော့ မနှစ်က ကာလတူ ဟက်တာ ၈၈ ဒသမ ၉၁ သိန်း ထက်ဟက်တာ ၂ဒသမ ၉၉သိန်းမြင့်တက်လာခဲ့ပြီး ဟက်တာ ၉၁ ဒသမ ၉ သိန်းအထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါ တယ်။နှင်းဧကရီ - MAPT