Main menu

Background

စိုက်ဧကတိုး၊ အထွက်တိုးပြီးဈေးမာနေတဲ့ ပဲတီစိမ်းကြီးကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့ ကျောက်ဆည်ခရိုင် တောင်သူများဝမ်းသာနေ

Fri, 02/01/2013 - 04:41 -- ydnar

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ပဲတီစိမ်း(ဆောင်း)စိုက်ပျိုး ဧက ၂၇၀၀၀ ကျော်ရှိပါတယ်။ အဓိကစိုက်ပျိုးတဲ့ခရိုင်မှာ ကျောက် ဆည် ခရိုင်ဖြစ်ပြီး၊ ဧက ၁၁၀၀၀ ခန့် စိုက်ပျိုးပြီးဖြစ်တာကြောင့် ယခင်နှစ်စိုက်ဧက ၉၀၀၀ ခန့်ထက် ဧက ၂၀၀၀ ပိုမိုစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ယခင်နှစ်မှာတစ်ဧကအထွက်နှုန်း ၁၃ ဒသမ ၇၆ တင်း ထွက်ရှိ တာကြောင့် ၁ ဒသမ ၂၂ တင်းသိန်းထွက်ရှိပြီး၊ ယခင်နှစ် အထွက်နှုန်းအတိုင်း၊ ယခုနှစ်ထွက်ရှိပါက ၁ ဒသမ ၅၁ တင်းသိန်း ထွက်ရှိမှာဖြစ်လို့ ကျောက်ဆည်ခရိုင်အနေနဲ့ ဆောင်းပဲတီစိမ်း တင်းသုံးသောင်း ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကျောက် ဆည်မြို့နယ်မှာ ၄၈၆၁ ဧက၊ စဉ့်ကိုင်မြို့နယ်မှာ ၂၀၀၅ ဧက၊ မြစ်သားမြို့ နယ်မှာ ၁၄၂၉ ဧက၊တံတားဦးမြို့နယ်မှာ ၂၆၄၃ ဧက အသီးသီးစိုက်ပျိုးကြောင်း သိရပါတယ်။

ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ ဆောင်း ပဲတီ စိမ်းစိုက်ပျိုးတဲ့ တောင်သူတစ်ဦးအား မေးမြန်းရာ မိမိအနေနဲ့ ယခင် နှစ်ကထက် ဧကတိုးချဲ့စိုက်ပျိုးကြောင်း၊ တစ်ဧက ၁၄ တင်းကျော် ထွက်ရှိခဲ့ကြောင်း၊ ကွင်းဈေး တစ်တင်း ၁၆၀၀၀ ကျပ်ရောင်းချရလို့ တစ်ဧက စိုက်ပျိုးပါက ကျပ်နှစ်ဆယ့်လေးသိန်းရရှိပါကြောင်း၊ ယခုနှစ်မှာလည်း တစ်ဧက ၁၄ တင်းကျော်ထွက်ရှိပြီး၊ ဈေးကောင်း ရရှိသဖြင့် အဆင်ပြေကြောင်း ကွင်းဈေးတစ်တင်း ၂၁၀၀၀ ကျပ်နဲ့ ရောင်းချရလို့ တစ်ဧက ကျပ်သုံးသိန်ရရှိလိ့ု တစ်ဧကကို ကျပ် ခြောက်သောင်းကျော် ပိုမိုဝင်ငွေရရှိကြောင်း၊ ဧကတိုးတက် စိုက်ပျိုး ထားသဖြင့် လွန်စွာဝင်ငွေတိုးလာမှာဖြစ်တာကြောင့် ဝမ်းသာမိ ကြောင်း ပြောပါတယ်။ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများမှတစ်ဆင့် မန္တလေး ကုန် စည်ဒိုင်ကို တင်ပို့မှုရှိရာ ကျောက်ဆည်မြို့ ပဲတီစိမ်း တစ်တင်း ပေါက်ဈေးမှာ ၂၂၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ပြီး၊ နေ့စဉ်မန္တလေးနဲ့ အခြားမြို့များကို တစ်တင်းခွဲ အိတ် ၃၀၀ မှ ၅၀၀ အိတ်အထိ တင်ပို့လျက်ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင် (ပွဲစားကုန်စည်စက်ပိုင်များကထိန်တော် အသင်း)မှာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထအပတ် ပဲတီစိမ်းကြီးတစ်ပိဿာ ၁၁၉၁ ကျပ် နဲ့နေ့စဉ်သုံးတင်းဝင်အိတ် ၁၀၀၀ မှ ၁၅၀၀ အိတ် အရောင်းအဝယ် ဖြစ်လျက် ရှိပါတယ်။ ယခင်နှစ်ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ်၊ ဇန် နဝါရီလမှာ ပဲတီစိမ်းကြီးတစ်ပိဿာ ၈၈၉ ကျပ် (တစ်တန် ၅၄၄၄၁၅ ကျပ်) ဖြစ်ပြီး၊ ယခု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ ပဲတီ စိမ်းကြီးတစ်ပိဿာ ၁၁၉၁ ကျပ် (တစ်တန် ၇၂၉၃၅၆ ကျပ်) ဖြစ်တာကြောင့်၊ တစ်ပိဿာကို ၃၀၂ ကျပ် (တစ်တန် ၁၈၄၉၄၁ ကျပ်)ဖြင့် ဈေးမာလျက်ရှိပါတယ်။ ဒါကြောင့်စိုက်ဧကတိုး၊ အထွက် တိုးပြီး၊ ဈေးမာနေတဲ့ ပဲတီစိမ်းကို ကျောက်ဆည်ခရိုင် ပဲတီစိမ်းစိုက် တောင်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သိရပါတယ်။စိုးအောင် - မန္တလေး