Main menu

Background

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလ စတုတ္ထပတ် ပဲဈေးကွက်မှာ ကုလားပဲသစ်ဝင်လာ

Fri, 02/01/2013 - 04:26 -- ydnar

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ စတုတ္ထပတ်ပဲဈေးကွက်မှာ ပဲစင်းငုံနီနည်းတူ ကုလားပဲသစ်တွေ စတင်ဝင်ရောက် လာပြီး၊ ပဲဟောင်းဈေးနဲ့သာ ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဘုတလင်နယ် ဘက်က 929 ပဲသစ် တစ်ရက်အိတ် ၁၀၀ ခန့် ဝင်လာသလို ပုလဲ၊ ဆားလင်းကြီး နယ်ဘက်က V2 တစ်ရက် အိတ်  ၁၅၀ ခန့် စတင်ဝင်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲမျိုးစုံအိတ်စပို့ ဝယ်လက်မရှိဘဲ ဒေသခံ စက်သမား၊ ကြာဇံသမားနဲ့ ပဲလက်လီအဝယ်သာ ရှိခဲ့လို့ ဈေးငြိမ်နေလျက်ရှိရာ ထိုင်ဝမ်တစ်တင်း ၁၆၇၀၀ ကျပ်၊ V2 တစ်တင်း ၁၆၀၀၀ ကျပ်၊ 929 တစ်တင်း ၁၆၀၀၀ ကျပ်၊ အသီးသီးဈေးပေါက်ခဲ့ပြီး နေ့စဉ်တစ်ရက်အိတ် ၁၂၀၀ ဝန်း ကျင်အရောင်းအဝယ် ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။

ယခုတစ်ပတ် ပဲတီစိမ်းကြီးဈေးကွက်မှာ ကလေးဘက်က ပဲအဝင်ရှိခဲ့ပြီး၊ မန္တလေး- ရန်ကုန်ဝယ်လက်ဆွဲခဲ့ကာ တစ်တင်း ၂၁၈၀၀ ကျပ်အမြင့် ဈေးဖြစ်ပေါ်ခဲ့သလို တစ်ရက်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စိမ်းသေးက တော့ယခုတစ်ပတ်အတွင်း တစ်တင်း ၂၂၂၀၀ ကျပ်ထိ အမြင့် ဆုံးဈေးပေါက်ခဲ့ပြီး၊ မန်းဝယ်လက်အများဆုံး ဝယ်နေကာ တစ်ရက်အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။စီးဆင်းမှုအနေနဲ့ဒီတစ်ပတ်အတွင်းရန်ကုန် ကို စိမ်းကြီးအိတ် ၁၅၀၀ ခန့်နဲ့ စိမ်းသေးအိတ် ၃၀၀၀ ခန့် မန္တလေးကို စိမ်းကြီးအိတ် ၁၅၀၀ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒီတစ်ပတ် ငုံနီဈေးကွက်အနေနဲ့ နယ်စုံက အဝင်တက် လာခဲ့ပေမယ့် အိတ်စပို့ဝယ်လက်အဝယ်နှေးနေ လို့ ဈေးအေး နေခဲ့တာတွေ့ရပါတယ်။ အိတ်စပို့သမားတွေအနေနဲ့ ပြည်ပ ပေါက်ဈေးနဲ့ ယှဉ်ရင် ဈေးမကိုက်သေး လို့ အင်တိုက်အားတိုက် ဝယ်ယူခြင်းမပြဘဲ မိတ်မပျက်ရုံ ခပ်ပါးပါးချင်းသာ ဝယ်ယူမှု ရှိတယ်လို့ ကုန်သည်ရပ်ကွက်က ပြောပါတယ်။ ငုံနီ အထွက် လျော့လို့ တက်ဈေးမျှော်တဲ့ လှောင်လက်၊ ဝယ်လက်အချို့ ဝယ်ယူမှုရှိလို့ ငုံနီပဲသစ်ဟာတစ်တင်း ၁၆၈၀၀ ကျပ်မှ ၁၇၄၀၀ ကျပ်ကြား ပေါက်ဈေးမျာနဲ့ တစ်ရက်အိတ်  ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လု့ိ ဆိုပါတယ်။ ငုံနီအဟောင်းဈေးကွက်မှာတော့ မူလဝယ်ဈေးထက် တစ်တင်း ၄၀၀၀ ကျပ် ခန့်လျော့နေတဲ့ ပေါက်ဈေးကြောင့် ရောင်းလိုသူသာ ရောင်းခဲ့တဲ့အတွက် တစ်တင်း ၁၆၁၀၀ ကျပ်ဈေးနဲ့တစ်ရက် အိတ် ၃၀၀ မှ ၅၀၀ ကြားသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ စတုတ္ထပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ရန်ကုန်၊ မန္တလေးဝယ်လက်တွေ အဆွဲများတဲ့ ပဲတီစိမ်းကြီး၊ သေး၊ လွန်းပြာ/လွန်းဖြူနဲ့ မတ်ပဲတို့အရောင်းအဝယ်သွက် ခဲ့ပြီး၊ ကုလားပဲမျိုးစုံက လုပ်ငန်းသုံး အတွက် ဒေသဝယ်လက်ပဲ ရှိခဲ့ကာ ငုံနီကတော့ လှောင်လက်ဆွဲသက်သက်နဲ့ ဈေးကွက် ကို အသက်ဆက်နေ လျက်ရှိပါကြောင်း....။ထွန်းလှိုင် - မုံရွာ