Main menu

Background

ဈေးကွက်ကို ရှမ်းနနွင်းအဝင်နည်းနေ

Fri, 02/01/2013 - 05:47 -- ydnar

ရှမ်းနနွင်းကတော့ အဝင်မရှိသလောက်ပါဘဲ၊ အသစ်တွေကလည်း နောက်တစ်လ၊ နှစ်လမှသာ အဝင်ရှိတော့ မယ်လို့လည်း ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ ရန်ကုန်ဝယ်လက်တွေကလည်း လက်ကြီးသမားတွေဆီက ဝယ်ယူနေရတယ်လို့ သိရပါတယ်။ တချို့တောင်သူတွေဆီမှာတော့ အနည်းငယ်ကျန်နေသေးပေမယ့် ကြိုက်ဈေးမရေ သးတာကြောင့် ထုတ်မရောင်း ကြသေးပါဘူး။ ဟိုပုံးနနွင်းကလည်းဈေး သာရှိပြီး၊ပစ္စည်းကဈေးကွက်မှာ မရှိဘူးဖြစ်နေ တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်မှာ ပင်လောင်း နနွင်းကပိုပြီး အရောင်းအဝယ်ဖြစ်နေ တာကြောင့် ဈေးကလည်းတက်လာပါတယ်။ ရန်ကုန်ဝယ်လက်တွေကလည်း ဈေးနိမ့်တဲ့ပင်လောင်းနနွင်းကို ပိုပြီး ဝယ်ယူတယ်လို့လည်း သိရပါတယ်။ ဒီတစ်လအတွင်း နနွင်း(ညံ့)ပိဿာချိန်ပေါင်း တစ်သိန်း နှစ်သောင်းခန့်လည်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။

အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် နနွင်းပေါက်ဈေးတွေက ပင်လောင်းနနွင်းဆိုရင် တစ်ပိဿာ ၅၀၀ ကျပ် - ၅၅၀ ကျပ်၊ ဟိုပုံးနဲ့ ပင်းတယ(တောင်ပို့လ)က ၇၀၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၃၀၀ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင် - တောင်ကြီး