Main menu

Background

ဓာတ်ဆီ/ဒီဇယ်ဆီဈေးနှုန်းများ(28-1-13)

Fri, 02/01/2013 - 05:50 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီတန်ချိန်  လေးသောင်းခွဲနီးပါးဝင်ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ၁၆၈၉၆ ဒသမ ၁၁၅ တန်၊ ဒီဇယ် ၂၇၇၄၄ ဒသမ ၅၉၃ တန်၊ စုစုပေါင်း ၄၄၆၄၀ ဒသမ ၇၀၈ တန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာယူ တင်သွင်းခဲ့တဲ့နိုင်ငံမှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးကွက်ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက် အတွင်းရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် မော်လမြိုင်၊  တောင်ကြီး၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေသော်လည်း  ရန်ကုန်တွင် ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ် နေသော်လည်း ရန်ကုန်တွင် အောက်တိန်းဈေးမှာ အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။  ပြင်ပလက်လီဆိုင်များတွင် လက်လီရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများမှာ ရန်ကုန်၊ မော်လမြိုင်မှာ မပြောင်းလဲပေမဲ့ မန္တလေးနဲ့  တောင်ကြီး မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင်ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေး မှာ ပြောင်းလဲမှုမရှိပေမဲ့ အောက်တိန်းက ဈေးအနည်းငယ်ကျ လာတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ေ အာက်တိန်းက တစ်လီတာ ၈၈၀ ကျပ် နဲ့ ရောင်းပေမဲ့ ဒီတစ်ပတ်မှာ ၈၇၀ ကျပ်ကို ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ် ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ကျပ် ၄၂၀၀ ဖြစ်ပြီး ရောင်းဈေး ကျပ် ၄၅၀၀၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဖြင့်ဝယ်ပြီး ကျပ် ၃၅၀၀ ဖြင့် ပုံမှန်လေးပဲ အရောင်း အဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်းအဝယ်သမားတစ်ဦးကပြောပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန်၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရ ပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးက အနည်းငယ် ကျလာပါတယ်။ လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ကျပ် ၃၈၀၀ ဝယ်ပြီး ၃၉၀၀-၄၀၀၀ ကျပ်နဲ့ရောင်းချကာ ဒီဇယ်က ဝယ်ဈေး ကျပ် ၃၅၀၀ ၊ ရောင်းဈေး ၃၆၀၀-၃၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်းသမားတစ်ဦးမှ ပြောပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေ သလို ပြင်ပလက်လီဆိုင်ရဲ့ ဈေးကလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်းက ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ အတက်အကျ မရှိဘဲငြိမ်နေပြီး လက်လီဆိုင်မှာတော့ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးကျလာတယ်လို့ စက်သုံးဆီ ရောင်းဝယ်သူတစ်ဦးမှ ပြောပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။                                                          MIRT-DOT
နယ်စပ်မှ စက်သုံးဆီဂါလန် ၄၅၀၀၀၀ ကျော်တင်သွင်းနယ်စပ်စခန်းများမှ ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ဓာတ်ဆီ ၁၄၇၇၁၆ ဂါလန်၊ ဒီဇယ်ဆီ ၃၀၄၂၈၆ ဂါလန် စုစုပေါင်း ၄၅၂၀၀၂ ဂါလန်ခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က စက်သုံးဆီ ၂၈၈၀၀၅ ဂါလန် တင်သွင်းမှုရှိတာကြောင့် ယခုအပတ်မှာ ၁၆၃၉၉၇ ဂါလန်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်ကတော့ ဓာတ်ဆီရော ဒီဇယ်ပါတင်သွင်းမှုမရှိပါဘူး။ တာချီလိတ်နယ်စပ်မှာတော့ ဓာတ်ဆီ ၅၇၉၀၄ ဂါလန်နဲ့ ဒီဇယ် ၈၃၈၃၃ ဂါလန် ယခုအပတ်မှာ တင်သွင်းနိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ဓါတ်ဆီ ၈၀၉၄၂ ဂါလန်၊ ဒီဇယ်ဆီ ၁၉၁၆၂၅ ဂါလန် ယခုတစ်ပတ်မှာ တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် ဓာတ်ဆီ ၇၃၂၄၂ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပြီး ဒီဇယ်ဆီ ၁၉၆၈၈ ဂါလန် လျော့နည်းတင်သွင်းနိုင်ခဲ့ ပါတယ်။ ကော့သောင်း နယ်စပ်မှာတော့ ဓာတ်ဆီ ၈၈၇၀ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၈၈၂၈ ဂါလန်တင်သွင်းမှုရှိခဲ့ ပါတယ်။ ကော့သောင်း နယ်စပ်မှာ ယခင်နိုဝင်ဘာလ နောက်ဆုံးပတ်မှစပြီး ဓာတ်ဆီ ဒီဇယ်တင်သွင်းမှုမရှိဘဲ ယခု ဇန်နဝါရီတတိယ ပတ်မှစပြီး ပြန်လည်တင်သွင်းလာတာကြောင့် ယခုအပတ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ တင်သွင်းမှုပိုမို ရခြင်းဖြစ်ပါတယ်။ နယ်စပ်ဒေသပေါက်ဈေး တွေကတော့ မူဆယ်နဲ့ ကော့သောင်းနယ်စပ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်က ၃၉၀၀ ကျပ်၊ တာချီလိတ်နယ်စပ်မှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၇၀၀ ကျပ်၊ မြိတ်နယ်စပ်မှာ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ ဒီဇယ် ၃၃၀၀ ကျပ် အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ ခင်မိုးသူ