Main menu

Background

အေဂျီဒီဘဏ်အား အများပိုင်ဘဏ်အဖြစ် ပြောင်းလဲလုပ်ကိုင်တော့မည်

Fri, 02/01/2013 - 05:52 -- ydnar

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (အေဂျီဒီဘဏ်)အနေဖြင့် ၎င်းတို့၏ ဘဏ် အား အများပိုင်ဘဏ် အဖြစ် ပြောင်းလဲလုပ်ဆောင်တော့မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ပြောင်းလဲလာသော စီးပွားရေးစနစ်များနှင့်အညီ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်ကို အများပိုင်ဘဏ်အဖြ စ်ပြောင်းလဲ ရန် ဘဏ်ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။ ထို့ကြောင့် ဘဏ်ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် အား ပြည် ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်အား တင်ပြခဲ့ရာ ဗဟိုဘဏ်မှ ခွင့်ပြုပေးခဲ့ ကြောင်း၊ ဆက်လက် ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနသို့ ဆက်လက်တင်ပြခဲ့ရာ သက်ဆိုင်ရာများမှ လိုအပ်သည်များကို စိစစ်ဆောင် ရွက်လျက်ရှိကြောင်း သိ သည်။အများပိုင်ဘဏ်အဖြစ် ပြောင်းလဲရန်အတွက် ဘဏ်ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ် ရာတွင် ကုမ္ပဏီများ၏ကြိုးစားအား ထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် လုပ် ငန်းပိုင်ဆိုင်မှု တစ်စိတ်တစ်ဒေသကို ဝန်ထမ်းများအားပေးအပ်ရန်၊  အမြတ်အစွန်း ရနေသောလုပ်ငန်းဖြစ်သဖြင့် ထိုအမြတ်အစွန်းကို အများပြည်သူသို့ မျှဝေခံစားခွင့် ပြုရ န်၊ ပြောင်းလဲ လာသော စီးပွားရေးစနစ်နှင့်အညီ အသစ်ဖြစ်ပေါ်လာသည့် Myanmar Security Exchange Center(MSEC) aကဲ့သို့သော မြန်မာစတော့ အိတ်ချိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် စသည့် အချက်များပေါ်အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ပထမဆုံးဘဏ်ခွဲဖြစ်သည့် နေပြည်တော် ဘဏ်ခွဲကို ၂၀၁၀ ပြည့်နှစ် သြဂုတ် ၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ဘဏ်ခွဲပေါင်း ၂၅ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ နေရာအနှံ့အပြားတို့တွင်လည်း ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။     မယ်သီတာ