ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျပ် ၆၀၀၀ အတက်ပြခဲ့သည့် မြန်မာ့ ရွှေဈေးသည် ယခုတစ်ပတ်အတွင်း တွင် ပြန်လည် ကျဆင်းလာခဲ့ကြောင်း သိရ သည်။ ကမ္ဘာ့ရွှေဈေးရုတ်ခြည်းကျဆင်း မှုကြောင့် မြန်မာ့ရွှေဈေး ကျဆင်းလာရ ခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့ရွှေဈေးသည် တစ်ပတ် အတွင်း ၂၁ဒေါ်လာ ကျဆင်းခဲ့သော် လည်း မြန်မာ့ရွှေဈေးမှာမူ ကျပ် ၂၀၀၀ နီးပါးသာ ကျဆင်းခဲ့ကြောင်းသိရသည်။ မြန်မာ့ရွှေဈေးကို ကမ္ဘာ့ရွှေဈေးပေါ် အခြေခံ၍ တွက်ချက်ကြသော်လည်း တရုတ်နှစ်သစ်ကူးကာလနှင့် နီးကပ် လာသဖြင့် တရုတ်ဘက်မှ ရွှေအဝယ် လိုက်နေသဖြင့် ယခုကဲ့သို့ အနည်းငယ် သာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရ သည်။ ကမ္ဘာ့ရွှေဈေး ကျဆင်းရခြင်းမှာ အိန္ဒိယနိုင်ငံအနေဖြင့် ရွှေကို လွတ်လပ် သော ကုန်သွယ်မှုဇုန်မှ ဖယ်ရှားလိုခြင်း၊ ရွှေကို သွင်းကုန်ခွန်တိုးမြှင့်လိုက်ခြင်းတို့ ကြောင့် ယခုကဲ့သို့ ကမ္ဘာ့ရွှေဈေး ရုတ် တရက်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရသည်။"အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ရွှေ ဝယ်လိုအား အကောင်းဆုံးနိုင်ငံပါ။ သူ က ရွှေရဲ့အခွန်ကို တိုးမြှင့်လိုက်တဲ့အ တွက် အိန္ဒိယက ရွှေကုန်သည်တွေက ရွှေကို အဝယ်ရပ်လိုက်တော့ ရွှေက ဝယ်လိုအားကျသွားတယ်။ ဝယ်လိုအား ကျသွားရင် ဈေးက ကျမှာပဲ။ ဒါပေ မယ့်လည်း ဒီမှာကျတော့ တရုတ်နှစ် သစ်ကူးကာလကလည်း နီးကပ်နေ တော့ ကမ္ဘာ့ရွှေဈေး ကျသွားတာ တောင် မြန်မာ့ရွှေဈေးက သူ့အတိုင်း လိုက်ပြီး မကျဘူး။ ဒါပေမယ့် ဒါက လည်း ခဏပဲလို့ထင်တယ်။ ပြန်တက် လာဦးမှာပဲ။ ဒီလကုန်ပြီးရင်တော့ ရွှေ ဈေးက ပြန်တက်လာမယ်လို့ မျှော်လင့် ရတာပဲ"ဟုရွှေကုန်သည်တစ်ဦးက ပြော ကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် ဇန်နဝါရီ ၂၁ ရက်တွင် ကျပ် ၇၆၉၁၀၀ရှိခဲ့ပြီး ဇန်န ဝါရီ ၂၃ ရက်တွင် ကျပ် ၇၇၀၅၀၀သို့ မြင့်တက်လာခဲ့သည်။ သို့သော် ဇန်န ဝါရီ ၂၅ရက်တွင် ကျပ် ၇၆၇၂၀၀ သို့ ကျဆင်းလာခဲ့သည်။ ကမ္ဘာ့ရွှေဈေး သည် ဇန်နဝါရီ ၂၁ ရက်က တစ် အောင်စလျင် အမေရိကန်ဒေါ်လာ ၁၆၉၀ ရှိရာမှ ဇန် နဝါရီလ ၂၅ရက်တွင် ၁၆၆၉ ဒေါ်လာသို့ ကျဆင်းခဲ့သည်။မယ်သီတာ