Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (28-1-2013)

Fri, 02/01/2013 - 05:58 -- ydnar

လုပ်ငန်းသုံးစွဲမှု များလာလို့ ယခင်နှစ်ကာလတူထက် ပိုမိုတင်သွင်းလာပြည်တွင်းကို ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံမှ ဘိလပ်မြေများကို ရေလမ်း ခရီးမှ တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကျောက်ဆူးတံဆိပ်၊ ဆင်တံဆိပ်၊ စိန်တံဆိပ်တွေ ဝင်လာတယ်လို့ သိရပါတယ်။ ဝင်လာခဲ့တဲ့ ဘိလပ်မြေများမှာ အင်ဒိုနီးရှားမှ ဘိလပ်မြေတန်ချိန် ၂၄၀၊ စင်ကာပူနိုင်ငံမှ ၁၁၃၀၀ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၁၇၆၂ ဒသမ ၉၆၇ တန်ဖြစ်ပါတယ်။ လမ်းတံတား တည်ဆောက်ခြင်း၊ မြို့တွင်း လမ်းများတိုး ချဲ့ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဘိလပ်မြေသုံးစွဲမှုများလာ တာကြောင့် ဒီနှစ်မှာ ဘိလပ်မြေများ ပိုမိုတင်သွင်းလာခဲ့ တာ တွေ့ရပါတယ်။ ဒီသီ တင်းပတ်မှာ ဘိလပ်မြေအဝင် တန်ချိန်က ခြောက်သောင်း သုံးထောင်ကျော်ရှိခဲ့ပြီး ကာလတူကာလမှာ ဘိလပ်မြေအဝင်က တန်ချိန် လေးသောင်းခုနှစ်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီနှစ်မှာ ဘိလပ်မြေက တန်ချိန် နှစ်သောင်းကျော်ပိုမိုတင်သွင်းလာခဲ့ တယ်လို့ သိရပါတယ်။                                  MIRT(DOT)

 
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ဆောက်ရေးလုပ်ငန်းများကြောင့် ထိုင်းနယ်စပ်မှ ဘိလပ်မြေ အဝင်များဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိက ာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၅၇၂ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၇၀၂၂ တန်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခုအပတ်တွင် ထိုင်းနယ်စပ်များဖြစ်တဲ့ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းစခန်းများမှ ဘိလပ်မြေများအဝင်များတာကြောင့် ယခင်အပတ်ထက် ၁၆၇၅ တန်ခန့် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ်နယ်စပ်တွင်Eagle Brand ဘိလပ်မြေတံဆိပ်များ အများဆုံးတင်သွင်းခဲ့တာဖြစ်ပြီး ဒေသသုံး သုံးစွဲရန်မှာယူကာ တာချီလိတ်မှတစ်ဆင့် မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့များသို့ ဖြန့်ချိရောင်းချ တာဖြစ်ပါတယ်။Eagle Brand ဘိလပ်မြေ တစ်တန်ကို ၇၂၂၅၀ ကျပ် ဈေးပေါက် လျက်ရှိပါတယ်။မြိတ်နယ်စပ်တွင်ဒေသတွင်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံး ပြုရန်အတွက်မှာယူမှုရှိတာကြောင့် အဝင်များနေတာဖြစ်ပြီး ဆင်၊ စိန်နဲ့ TPI တံဆိပ်များဖြစ်တယ်လို့ သိရပါတယ်။ စိန်နဲ့ TPI ဘိလပ်မြေ တစ်တန်ကို ၆၈၆၄၀ ကျပ်ဖြစ်ပြီး ဆင်တံဆိပ်ကတော့ တစ်တန်ကို ၇၂၉၃၀ ကျပ်ဈေးဖြစ်ပါတယ်။ကော့သောင်းနယ်စပ်တွင် ဆင်၊ စိန်နဲ့ ကျားတံဆိပ် ဘိလပ်မြေများ အဝင်များ နေပါတယ်။ ထားဝယ်မြို့မှ အများဆုံးမှာယူတာဖြစ်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများမှာ အသုံးပြုကြောင်း သိရပါတယ်။ ဆင်နဲ့ ကျား ဘိလပ်မြေ တစ်တန်ကို ၇၂၀၈၀ ကျပ်ဖြစ်ပြီး စိန်တံဆိပ်ဘိလပ်မြေ တစ်တန်ကို ၆၇၈၄၀ ကျပ် ဈေးပေါက်ရှိပါတယ်။                            ဆွေဆွေဝင်း
ဈေးငြိမ်ငြိမ်လေးနဲ့ပဲ အရောင်းအဝယ်ကောင်းနေတဲ့ ဘိလပ်မြေဈေးကွက်ယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းမြို့ကြီးများဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးမြို့များတွင် ဘိလပ်မြေအရောင်း သွက်နေပြီး တောင်ကြီး၊ မော်လမြိုင်၊ မကွေး မြို့များမှာ အရောင်းအဝယ်အေးတယ် လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ဒီတစ်ပတ် မော်လမြိုင်၊ မန္တလေးဘက်မှာ ဘိလပ်မြေဈေး အနည်းငယ်မြင့်ပြီး၊  ရန်ကုန်၊ ပဲခူး ၊ တောင်ကြီး၊ မကွေးမြို့ဘက်မှာတော့ ဈေးကငြိမ်နေတယ်လို့ သိရပါ တယ်။    ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်နေတယ်။ ဈေး ကွက်ထဲ ပစ္စည်းပြတ်နေ တဲ့ ကျောက်ဆူးတံဆိပ် ဘိလပ်မြေက ဈေးကွက်ထဲဝင် လာတယ်လို့ သိရပါတယ်။အရောင်းအဝယ်ဖြစ်ပေမဲ့ ဒီတစ်ပတ်မှာ ဈေးက ငြိမ်နေ တယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ဘုရင့်နောင်ပွဲရုံအတွင်း အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးက ဆင်ဘိလပ်မြေတစ်အိတ် ၄၇၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၆၀၀ ကျပ်နဲ့ မောင်းတိန်း ၄၄၀၀ ကျပ်၊ ကျောက်ဆူး  ၄၄၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေရောင်းဝယ်သူတစ်ဦး မှ ပြောကြားခဲ့ပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်မှုများလာတာကြောင့် ဘိလပ်မြေသုံးစွဲမှု များလာတယ်။ ဒါကြောင့် အရောင်းအဝယ်တွေ ကောင်းလာတယ်။ ဒီတစ်ပတ် မှာ အေသုံးလုံးနဲ့ မြင်းခေါင်းက တစ်ရာကျပ် ဈေးမြင့်လာတာကလွဲပြီး ကျန်ဘိလပ်မြေက ဈေးငြိမ်ပြီး  အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးနှုန်း တွေက အေသုံးလုံး ၅၇၀၀ကျပ်၊ မြန်မာဆင် ၅၂၀၀ကျပ်၊ ဆင်(ထိုင်း)နဲ့ စိန်(ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၅၁၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၉၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ မန္တလေး ၆၂ လမ်း၊ ၂၉-၃၀ ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်း သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ပစ္စည်းအပြိုင်အဆိုင်ဝင်နေတာကြောင့် ဈေးကခိုင်မာမှုမရှိဘူး။ထိုင်း နိုင်ငံထုတ် ဘိလပ်မြေက ဈေးငြိမ်နေပေမဲ့ ကြံ့(မြိုင်ကလေး)က တစ်ရာကျပ် ဈေးကျ လာတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း)၅၂၀၀ ကျပ်၊ စိန်(ထိုင်း) ၅၂၀၀ ကျပ်၊ ကြံ့ (မြိုင်က လေး) ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်ရှင် တစ်ဦးမှ ပြောခဲ့ပါတယ်။                       MIRT (DOT)