နို့ဆီအဝင်ပိုပြီး နို့စိမ်းအဝင်လျော့ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အတွင်း နို့ဆီ ၃၂၈ ဒသမ ၃၂ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ဘူးလို့ သိရပါတယ်။
နို့မှုန့်က နယူးဇီလန်မှ တန်ချိန် ၅၀ ဒသမ ၄၀ တန်နဲ့ စင်ကာပူနိုင်ငံမှ ၂၇ ဒသမ ၁၉၈ တန်တင်သွင်းလာခဲ့တယ် လို့ သိရပါတယ်။ MIRT (DOT)
နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် ပိုမိုတင်သွင်းဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ နို့စိမ်း ၁၁ တန်ကျော် တင်သွင်းခဲ့ပါတယ်။ ကော့ သောင်းနယ်စပ်မှလည်း ယခုအပတ်မှာ သုည ဒသမ ၁၀၅ သန်းတန်ဖိုးရှိ နို့ဆီ ၁၀၉ တန်ကျော်ကိုလည်း တင်သွင်းခဲ့ပါ တယ်။ ဝယ်လိုအားကောင်းတဲ့ ပစ္စည်း ဖြစ်တာနဲ့အညီ ၎င်း တို့ရဲ့earning ရှိမှု ပေါ်မူတည်ပြီး ပုံမှန်သွင်းနေတဲ့ စား သောက်ကုန်ဖြစ်ပါတယ်။ မြိတ်နယ်စပ် မှ တင်သွင်းတဲ့ နို့စိမ်းတံဆိပ်ကတော့ Ship အမျိုးအစားဖြစ်ပါတယ်။ နို့စိမ်း တစ် CTN ကို မိမိဘက်မြေပြင်ပေါက် ဈေး ကျပ် ၃၅၅၀၀ဖြစ်ပြီး တစ်ဖက်နိုင်ငံ ပေါက်ဈေး ၁၁၅၀ ဘတ် ဖြစ်ပါ တယ်။ ကော့သောင်းနယ်စပ်မှ တင်သွင်းတဲ့ နို့ဆီ တံဆိပ်ကတော့ Teapoat နဲ့ Falcon တို့ဖြစ်ပါတယ်။ နို့ဆီ တစ် CTN ကို မိမိဘက်မြေပြင်ပေါက်ဈေး ၂၆၈၀၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံ ပေါက်ဈေး ၆၂၀ ဘတ်ဖြစ်တယ်လို့ သိရှိရပါတယ်။ တင်တင်ထွန်း