ပြည်ဈေးကွက်ကို နယ်စုံမှ နှမ်းနီနဲ့ နှမ်းနက်များတစ်နေ့အိတ် ၈၀၀ ခန့် ဝင် ရောက်လာပါတယ်။ ယခုနှစ်မှာ ရာသီ ဥတုကြောင့် နှမ်းအထွက်နှုန်းနည်းခြင်း၊ နှမ်းနက်ကိုတရုတ်ဝယ်လက်များကအဝယ် ရှိခြင်း၊ နှမ်းနီကို ဆီစက်သမားများ က အဝယ်ရှိခြင်းတို့ကြောင့် ယခုနှစ် နှမ်း ဈေးမှာ စံချိန်တင်လောက်အောင် ဈေး တက်ခဲ့ပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ် အိတ် ၁၀၀၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာဝင် တစ်အိတ် ၁၁၀၀၀၀ ကျပ်ရှိ နေပါတယ် ။နှမ်းဈေးမြင့်နေ တဲ့အတွက် နှမ်း ဆီဈေးမှာလည်း တစ်ပိဿာကို ၃၅၀၀ကျပ်ဈေးမှ၃၉၀၀ ကျပ်ဈေး အထိ မြင့်လာပါ တယ်။ ဝေေ၀မင်း - ပြည်
Background