Main menu

Background

မလေးရှားနိုင်ငံက လက်ကျန်သိုလှောင်မှု လျှော့ချတဲ့အတွက် စားအုန်းဆီဈေးမြင့်တက်

Fri, 02/01/2013 - 06:28 -- ydnar

စံချိန်တင်မြင့်တက်နေသော အရန်သိုလှောင်မှုကို လျှော့ချနိုင်ရန်အတွက် စားအုန်းဆီစိုက်ပျိုးရာမှာ ဒုတိယအများဆုံးဖြစ်သော မလေးရှားနိုင်ငံက ပို့ကုန်ခွန် များကို လျှော့ချပြီးနောက်ပိုင်း စားအုန်းဆီေ ဈးနှုန်း ပြန်လည် ဦးမော့လာပါတယ်။ အခွန်နှုန်းကို သုညရာခိုင်နှုန်းထိ လျှော့ချပြီးနောက်ပိုင်း စားအုန်းဆီလက်ကျန် ဟာ မတ်လကရှိခဲ့တဲ့တန် ၂ ဒသမ ၂ သန်းမှ ၁၆ ရာခိုင်နှုန်းလျော့ကျလို့ ၂၀၁၀ ပြည့် နှစ်နောက်ပိုင်း အများဆုံး ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ကြိုပွိုင့်ဈေးနှုန်းများမှာ ယခု သုံးလပတ်ကုန်ဆုံးချိန်တွင် ကွာလာလမ်ပူမှာ ၁၄ ရာခိုင်နှုန်း မြင့်တက်ကာ တစ် တန်ကို ရင်းဂစ် ၂၈၀၀ (ဒေါ်လာ ၉၂၁) နှုှုန်းရှိခဲ့တယ်လို့ ဘလွမ်းဘတ်မှ စီးပွားရေး ပညာရှင် ၁၃ ဦးမှ ခန့်မှန်းပါတယ်။ နိုင်ငံခြားကို ပိုမိုတင်ပို့ရမယ့် အလားအလာ ကြောင့်လည်းကောင်း၊ တစ်နှစ်လုံး တောက် လျှောက်ရိတ်သိမ်းထားသော ယခုသုံးလ ပတ်တွင် အထွက်ကျလာပြီ ဖြစ်တာကြောင့် လည်းကောင်း လူအသုံး များတဲ့ စားသုံးဆီဟာ ဒီဇင်ဘာမှာ သုံးနှစ်အတွင်းအမြင့်ဆုံးဖြစ်ပြီး၁၁ ရာခိုင်နှုန်းမြင့်တက် ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဈေးတက်မယ့် ထိပ်တန်းကုန်စည်ထဲမှာ စားအုန်းဆီပါဝင် တယ်လို့ နယူး ယောက် အခြေစိုက် Ospraie Management  ရန်ပုံငွေအဖွဲ့အား တည်ထောင်သူ ဒွိုက်အန်ဒါဆင်က ပြောပါတယ်။ စားအုန်း ဆီထုတ်လုပ်မှု ပြန် လည်ဦးမော့လာတော့မှာဖြစ်လို့ စားအုန်းဆီဈေးနှုန်းများက ယခုနှစ်မှာ နောက်ဆုံး အနေနဲ့ အမြင့်ဆုံးကိုရောက်ရှိတော့မှာဖြစ်ကြောင်း၊ ဆီရောင်းဝယ်ရေးကို နှစ် ၃၀ ခန့်လုပ်ခဲ့ဘူးသူ ဒိုရပ်မစ္စထရီ က ပြောပါတယ်။ သိုလှောင်လက်ကျန်တွေ ကျဆင်းတဲ့ အတွက် စားအုန်းဆီဈေးက ယခုပထမသုံးလပတ် သို့မဟုတ် မေလ အထိ ဈေးတက် နိုင်ပါတယ်လို့ အင်ဒိုနီးရှားတွင် ရရန်ပိုင်ခွင့်အရ အများသုံးဘဏ်ကြီး ယူနစ်တစ်ခု ဖြစ်သော PT Mandiri Sekuritas မှလေ့လာဆန်းစစ်ရေးမှူးတစ်ဦးဖြစ်သူ ဟာရိယန်တိုဝိဂျာယာ က ပြောခဲ့ကြောင်း Bloomberg  သတင်းအရသိရပါတယ်။UNT