မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ စီပီပြောင်းအရောင်းအဝယ်ပုံမှန်ရှိနေ
မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)တွေ ဈေး ကွက်ထဲဝင်ရောက်မှုနည်းနေပေမယ့် အဝင်ရှိသလောက် ရန်ကုန်ဝယ် လက်နဲ့ လှောင်လက်ေ တွ ဝယ်အားရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲကအ ရည်အသွေးကောင်းတယ်လေ။ ဒါကြောင့် ဈေးကွက်စဖွင့်တဲ့ရက် မှာ ဈေးပေးအဝယ်ရှိ ပြီး နောက်ပိုင်းရက်တွေမှာ ဝယ်လိုအားပိုများလာ တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုကတစ်ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေသထွက်စီပီပြောင်းကိုလည်း ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ရောင်းလက်ထံမှာ ပစ္စည်းလက်ကျန်နည်းသွားတာကြောင့် အရောင်း အဝယ်ဖြစ်မှု ပမာဏတွေ လျော့နည်းသွားခဲ့တယ် လို့သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၆၀ ကျပ်ဈေးနဲ့ နေ့စဉ် အိတ် ၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
