အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ ဈေးစွာလာပြီး သိပ္ပံနှမ်း ပုံမှန်အရောင်းအဝယ်ဖြစ်
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက ဈေးကွက်သို့ ဝင်ရောက်မှုတိုးလာသလို မြို့ခံလှောင်လက်ကုန် သည်တွေနဲ့ ရန်ကုန် ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်မြင့်လာတယ် လို့ဆိုပါတယ်။ ပဲကလည်း အဝင်လှိုင်လာတယ်၊ ဝယ်လက်တွေက လည်း ဈေးပေးအဝယ်ရှိနေတယ်။ ဒါကြောင့် ရောင်းလက်တွေက တက်ဈေးမှာ ပိုအရောင်းများလာတာလို့ ပဲကုန်သည်တစ်ဦးက ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၇၅ ကျပ်(တစ် တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် သိပ္ပံနှမ်းကိုလည်း ရန်ကုန် ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၂၈၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
