မကွေးဈေးကွက်မှာ ပဲစင်းငုံနီအရောင်းများ နှမ်းမျိုးစုံဈေးအနည်းငယ်မြင့်
မကွေးဈေးကွက်မှာ ပဲစင်းငုံနီ(သစ်) တွေဈေးကွက်ထဲအဝင် များလာသလို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်ကုန် သည်များက လည်း ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆၅ ကျပ်(တစ်တန် ကို ၅၂၉၇၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဝယ်လက်က နှမ်းနက်နဲ့ စမုံနှမ်းကို အရည်အ သွေး အလိုက် ဈေးပေး အဝယ်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာပြီး နှမ်းနက်တစ်ပိဿာ ၂၅၆၇ ကျပ်၊ နှမ်းနက်စမုံတစ် ပိဿာ ၂၇၈၉ ကျပ်ဈေးနဲ့ နှမ်းမျိုးပေါင်း အိတ် ၁၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
