ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၂၅-၁-၂၀၁၃)
* မတ်ပဲကို အိန္ဒိယအဆွဲအေးပြီး ခွဲစက်တွေသာ ဝယ်အားရှိနေ * ပဲစင်းငုံနီ(သစ်) တွေ ဝင်ရောက်မှုတိုးလာပေမယ့် ပြည်ပအဆွဲ မသွက်သေး * ပဲတီစိမ်းကို တရုတ်နဲ့ ရန်ကုန်ဝယ်အား ပုံမှန်ရှိ * ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်ပုံမှန်ရှိပေမယ့် ပစ္စည်းလက်ကျန် လျော့နည်းလာ * ပြောင်းကို တရုတ်ဝယ်လက်နဲ့ အစာစပ်များ ဝယ်အားသွက် * နှမ်းမျိုးစုံကို တရုတ်နဲ့ ဒေသတွင်းဆီစက်တွေက မန္တလေးမှာ အဝယ်လျော့လို့ ဈေးအနည်းငယ်ကျပြီး မကွေးမှာတော့ ဝယ်အားပုံမှန်ရှိလို့ ဈေးအနည်းငယ်မြင့်
