ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း အရောင်းအဝယ်ပုံမှန်ဖြစ်
ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ(ဟောင်း) နဲ့စာရင် ပဲစင်းငုံနီ (သစ်)ကိုသာ ရန်ကုန်ဝယ်လက် နဲ့ လှောင်လက်တွေ ဝယ်အားများခဲ့ တယ်လို့ ဆိုပါတယ်။ ပဲကဈေးကွက်စဖွင့်ချိန်မှာ အရောင်းအဝယ်ပုံ မှန်ရှိပြီး ဈေးကပုံမှန်လောက် ပဲရှိနေရာက နောက်ပိုင်းရက်တွေမှာ ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာလို့ ယခင်အပတ်နဲ့ စာရင် ဈေးအနည်း ငယ်မြင့်လာတယ်လို့ သိရပါတယ်။ လက်ရှိအရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကိုလည်း ရန်ကုန်-မန္တလေးဝယ် လက်က တစ်ပိဿာ ၁၁၈၄ ကျပ်(တစ်တန်ကို ၇၂၅၀၆၉ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
