မူဆယ်မှာ ပြောင်းဝယ်လိုအား ရောင်းလိုအားအနည်းငယ်လျော့လာ
မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဘက်မှာ နှစ်ကူးပွဲတော် နီးကပ်လာတာနဲ့အမျှ တချို့ကုန်သည်ကြီးတွေလည်း တရုတ်ဘက် သို့ပြန်ကုန်ကြလို့ ဒီတစ်ပတ်မှာ ပြောင်းက ရောင်းလိုအားရော ဝယ် လိုအားပါ လျော့ကျသွား တယ်လို့ ဒေသခံကုန်သည်တစ်ဦးကဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ကတော့ တစ်ပတ်အတွင်းမက်တန် ၁၂၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
