စားသုံးသူအကာအကွယ် ပေးရေး နဲ့ တရားမဝင် ကုန်သွယ်မှုများ လျော့ နည်း ကျဆင်းစေရေးအတွက် တရား မဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးအဖွဲ့များ ဖွဲ့စည်းပြီး မူဆယ်-မန္တလေးလမ်းကြောင်းပေါ်မှာ တရား မဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အဖွဲ့ (၁) အားလည်းကောင်း၊ မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်မှာ တရား မဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး အဖွဲ့(၂)အားလည်းကောင်း ထားရှိကာ တရားမဝင် ကုန်သွယ်မှုများအား စစ် ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရ ပါတယ်။
ယခုအခါ ပညာပေးကာလကျော် လွန်သွားပြီဖြစ်တဲ့အတွက် ထိုလမ်း ကြောင်းများပေါ်တွင် ဖမ်းဆီးရမိတဲ့ တရားမဝင် လိုင်စင်မဲ့/ကန့်သတ် ကုန် များအား ဥပဒေအရ ထိထိ ရောက် ရောက် အရေးယူဆောင်ရွက် လျက်ရှိ ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြား ချက်အရသိရပါတယ်။ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့(၁)ရဲ့ ရှာဖွေစစ်ဆေး မှုများအရ ၂၄-၁-၂၀၁၃ ရက်နေ့ ၀၃း၀၀ ချိန်တွင် လားရှိုး မှ မန္တလေးသို့ မောင်းနှင်လာသော ယာဉ်မောင်း xxxx မောင်းနှင်တဲ့ ကင်တာယာဉ် အမှတ် (၈ဆ/xxxx ) ပေါ်မှာ လိုင် စင်မဲ့ သယ်ဆောင်လာသော စား သောက် ကုန်ကြမ်း၊ မုန့်လုပ် ကုန်ကြမ်း၊ နို့မှုန့်၊ ဆီအနံ့ဘူး၊ မူလီချောင်း၊ အုန်းသီး မှုန့်၊ စားသောက်ကုန် အနံ့တို့ အား လည်းကောင်း၊ အဆိုပါနေ့ ၀၅း၁၀ ချိန် တွင် ယာဉ်မောင်း xxxx မောင်းနှင် သည့် ဟိုင်းလတ်ယာဉ်အမှတ် (ပ/xxxx ) ပေါ်မှာ ဘီယာများ အား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်း ချုပ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များ အား အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန် လျက်ရှိတဲ့ Mobile Team Facebook စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ ရှိရပါတယ်။ ဒါ့အပြင် အဆိုပါနေ့ ၀၆း၃၀ ချိန် တွင် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့ (၁) ဟာ နောင်ချိုနဲ့ ဂုတ်တွင်းအကြား လှည့်လည်စစ်ဆေး စဉ် မန္တလေး-လားရှိုးလမ်းကြောင်းပေါ် ဂုတ်တွင်းအတက် လမ်းဆုံတွင် ယာဉ် မောင်း(....) မောင်းနှင်လာတဲ့ ဟိုင်း လတ်ယာဉ်အမှတ် (၃က/...) ပေါ် မှာ ခေါက်ဆွဲခြောက်အိတ်များ၊ ဆော့ အချဉ်ဖာများ၊ အထည်ထုပ်များ၊ မှိုခြောက်ဖာများ၊ အသင့်စား အကြော် အိတ် များ၊ ပဲဂေါသီးအိတ်များ၊ ဂေါက် အိတ်အလွတ်များ၊DVRျ ခွေကူးစက် များ၊ အေးခဲကြက်သားအိတ်များအား တရားမဝင် သယ်ဆောင်လာတာ ကို လည်းကောင်း၊ ယာဉ်မောင်း (.....) မောင်းနှင်လာတဲ့ ဟိုင်းလတ်ယာဉ် (န/....) ပေါ်မှာ မှိုခြောက်အိတ် များ၊ အသင့်စား အကြော်ထုပ်များ၊ ခေါက်ဆွဲခြောက်များ၊ အေးခဲကြက် သားများ၊ အေးခဲ ဝက်အူချောင်းများ၊ ကားဘော်ဒီချွတ်ပစ္စည်းအိတ်များ၊ အထည်အိတ်များ၊ ပဲဂေါသီးအိတ်များ၊ မြက်ခင်းတုအလိပ်များ၊ DVR ခွေကူး စက်များ စစ်ဆေးတွေ့ရှိခဲ့သဖြင့် တား ဆီးခဲ့ရကြောင်းကိုလည်း Facebook စာမျက်နှာတွင်ဖော်ပြထားပါတယ်။ သိမ်းဆည်းရမိသော ပစ္စည်းများ အနက် အေးခဲကြက်သားများနဲ့ ဝက်အူ ချောင်းများဟာ ပုပ်သိုးလွယ် ပစ္စည်း များဖြစ်ပြီး မွေးမြူရေးနှင့်ဆေးကုသ ရေး ဦးစီးဌာနမှ တင်သွင်းခွင့်ထောက်ခံချက် မပေးတဲ့ပစ္စည်းများဖြစ်တဲ့ အတွက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျန်တရားမဝင် သယ် ဆောင်လာတဲ့ပစ္စည်းများကို မန္တလေးမြို့ ရှိ အကောက်ခွန် ဦးစီးဋ္ဌာန(ရုံးခွဲ)သို့ လုပ် ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရှိရ ပါတယ်။ နိုင်ငံတွင်းတရားမဝင် ဝင်ရောက် လာတဲ့ကုန်ပစ္စည်းအများစုမှာ စားသုံး သူပြည်သူများအတွက် အန္တရာယ် ဖြစ် စေမဲ့ အစားအစာနှင့်ဆေးဝါး ထောက် ခံချက် မပါဝင်တဲ့ စားသောက်ကုန်များ ဖြစ်တာ ကို တွေ့ရှိရပြီး နိုင်ငံသူ နိုင်ငံ သားများ ကျန်းမာသက်ရှည်နေထိုင် ရေးအား များစွာ ထိပါး စိန်ခေါ်လျက် ရှိပါတယ်။ ထို့အတွက် တရားမဝင်ကုန်သွယ် မှုများအား ထိရောက်စွာ ဟန့်တားနိုင် ရေးအတွက် အစိုးရဋ္ဌာနဆိုင်ရာများနှင့် ကုန်သည်လုပ်ငန်းရှင်များသာမက မီဒီ ယာများ၊ ပြည်သူများမှလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုက်ပါတယ်။ မေ (ကမရ)