Main menu

Background

မြဝတီမှာဖွင့်တဲ့ Today Top Star ငွေလဲစင်တာ

Fri, 02/01/2013 - 06:56 -- ydnar

ကရင်ပြည်နယ်   မြဝတီခရိုင် မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာချစ်ကြည် ရေးတံတားအနီး ဘုရင့်နောင် လမ်းမ မှာ Today Top Star  ကုမ္ပဏီရဲ့ ငွေလဲ ကောင်တာကို ဇန်နဝါရီလ ၉ ရက်မနက် ၉ နာရီမှာဖွင့်လှစ်ခဲ့တယ်လို့ သိရှိရတဲ့ အတွက် တာဝန်ခံ ဦးသက်တင်နဲ့ သွား ရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ နိုင်ငံ ခြားငွေများ (FE) ဝယ်ယူ ရောင်းချ လဲ လှယ်ပေးခွင့် လိုင်စင်ကို  ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ Today Top Star ကုမ္ပဏီအနေနဲ့ မြဝတီမြို့မှာ လုပ်ဆောင်ခွင့်ရရှိခဲ့ကြောင်းနဲ့ နိုင်ငံ ခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ အခါအား လျော်စွာ ထုတ်ပြန် သတ်မှတ်တဲ့ စည်း မျဉ်း ဥပဒေများနဲ့အညီ ဝယ်ယူခွင့်၊ ရောင်းချခွင့်နဲ့လဲလှယ်ပေးခွင့်ကို ဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

၎င်းမှ"ကျွန်တော်တို့ကုမ္ပဏီ အနေ နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး မြဝတီမှာ ဖွင့်ဖို့ စီစဉ်ခဲ့ပေမဲ့ ဗဟိုဘဏ် ဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးတဲ့ အတွက် စောင့်ဆိုင်းနေပြီး ယခု ၂၀၁၂ ခုနှစ် ၁၀ လပိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များရဲ့ထောက်ခံချက်နဲ့ ထပ်မံဖြည့်စွက် တင်ပြထားခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဥပဒေထွက်ပြီး သတင်းစာမှာ ကြော်ငြာတဲ့အခါ ကြို တင် ပြင်ဆင်ထားပြီးဖြစ်တဲ့ လိုအပ် ချက်တွေကို အမြန်ဆုံး တင်ပြ လျှောက် ထားခဲ့ကြောင်း၊ အချက် အလက်တွေ ပြည့်စုံတဲ့အတွက် ကျွန်တော်တို့ကုမ္ပဏီ အပါအဝင် ကုမ္ပဏီနှစ်ခု၊ ဘဏ်မဟုတ် ဘဲ ငွေလဲစင်တာ ဖွင့်ခွင့်ရခဲ့တာဖြစ် တယ်။ ကျွန်တော်တို့က မြဝတီမှာ ဖွင့် လှစ်ပြီး ရန်ကုန်မှာ ဖားမား ဖိုးရာဇာ ကုမ္ပဏီကဖွင့်လှစ်ခွင့်ရတာ ဖြစ်ပါတယ် လို့"ငွေလဲစင်တာတာဝန်ခံ ဦးသက်တင် က ပြောပါတယ်။ ဦးသက်တင်က ဆက်လက်ပြီး "အလုပ်သမားတွေ၊ ကုန်သည်တွေနဲ့ ဆက်စပ်မှုရှိတဲ့နေရာတွေမှာ တိုးချဲ့ ဖွင့်ဖို့ စဉ်းစားနေပါတယ်။ Pilot Study တွေလုပ်နေပါတယ်။ နယ်စပ်ဒေသမှာ ကုန်သွယ်မှုတွေရှိနေတာကြောင့် ကုန် သည်တွေအတွက်လည်း အများကြီး အဆင်ပြေစေနိုင်မယ့်ဈေးကွက်နဲ့ အညီ ဖြစ်ဖို့လက်တွေ့ကျကျ လုပ်ဆောင်ရမှာ ဖြစ်တယ်။ တရားမဝင် ငွေလဲဆောင် ရွက်နေမှုတွေကိုလည်း လမ်းကြောင်း ပေါ် ရောက် အောင်စ ည်းရုံးသွား ပါမယ်။ ဈေးကွက်အခြေအနေကို လည်း လျစ်လျူရှုလို့တော့ မရပါဘူး။ မိမိတို့ ငွေလဲစင်တာအနေ နဲ့ ဒေါ်လာနဲ့ ကျပ်၊ ဘတ်နဲ့ကျပ် အဓိက လဲပေးနေ ရပြီး လက်ရှိတစ်နေ့ကိုကျပ် ၁၀ သိန်းမှ ၁၅ သိန်းဖိုးခန့်ထိ လဲလှယ် ပေးနေရ တယ်"လို့ ပြောကြားခဲ့ပါတယ်။Source: နကသ (မြဝတီ)                                                  မြင့်ရှိန် (မြဝတီ)