Main menu

Background

တရားမဝင်စားသောက်ကုန်များ သယ်ယူမှုများနေဆဲ

Fri, 02/01/2013 - 07:00 -- ydnar

စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်စည် စီးဆင်းမှု တားဆီးနိုင် ရန် လှုပ်ရှားအဖွဲ့ Mobile Team များနဲ့ စစ်ဆေးပညာပေးကာလကို နိုဝင်ဘာ လမှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေး ကာလ နှစ်လ ပြည့်ပြီးနောက် ပိုင်းမှာ တော့ အရေးယူမှုကို ဆက်လက် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းပေါ်ရှိ Mobile Team အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး ညောင်ခါး ရှည် နဲ့ အဗျားကျေးရွာအကြား ကား လမ်းဆုံမှာ ရပ်တန့်စစ်ဆေးမှုများ ပြု လုပ်ခဲ့ရာမှာ  ကုန်ကြေညာလွှာ မှာ ဖော်ပြထားတဲ့ပစ္စည်းပမာဏနဲ့ ယာဉ်ပေါ်မှာပါတဲ့ကုန်ပစ္စည်းပမာဏအရ သင့်လျော်မှုမရှိဟုသံသယရှိတဲ့အတွက် ပစ္စည်းများအားလုံးကို အသေးစိတ် စစ် ဆေးမှုပြုလုပ်ရာ မှန်လုံယာဉ် နှစ်စီး ပေါ်မှ တရားမဝင် သယ်ဆောင်လာတဲ့ စားသောက်ကုန်ပစ္စည်း ကျပ် ၃ ဒသမ ၇ သန်းကျော်ဖိုးအား ရှာဖွေတွေ့ရှိ သဖြင့် အကောက်ခွန်အမှုတွဲများဖွင့် လှစ်ထိန်းသိမ်းထားတယ်လို့ သတင်း ရရှိပါတယ်။ မှန်လုံယာဉ်တစ်စီးပေါ်မှ ကျပ် ၂ ဒသမ ၄၆၂ သန်းတန်ဖိုးရှိ ကော်ဖီ၊ မိုင်လို၊ ဘီစကစ်ကရင်မ်ညှပ်၊ ပီကေ စတဲ့စားသောက်ကုန် ၉ မျိုးနဲ့ အခြား မှန်လုံယာဉ်တစ်စီးပေါ်မှ ကျပ် ၁ ဒသမ ၂၄၉ သန်းတန်ဖိုးရှိ ဒင်္ဂါးပြား ချော ကလက်၊ ပူရှိန်းသကြားလုံး၊ ခံတွင်းငုံ ဆေးပြား၊ ပီကေ၊ စတော်ဘယ်ရီကရင်မ် ညှပ်ကွတ်ကီး၊ ချောကလက်ဘီစကစ်၊ ချိုချဉ်၊ ချိုချဉ်တောင့်စတဲ့စားသောက် ကုန် ၁၄ မျိုးအား တရားမဝင်သယ် ဆောင် လာတာကို စစ်ဆေးတွေ့ရှိခဲ့ရ တာလို့ သိရှိရပါတယ်။ Source:လရ-၂                                                                                                           MTN