မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်နေ့ထိကာလ အတွင်း မှာ ကန်ဒေါ်လာ သုည ဒသမ ၂၃၂ သန်းတန်ဖိုးရှိ ရေထွက် ကုန် ငါးမျိုးစုံ ၇၅ တန်နီးပါး၊ ပုစွန် ၈ တန်ကျော်၊ ကဏန်း ၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်တွင် ပုစွန် တင်ပို့မှုပိုမိုသော်လည်း ငါးမျိုးစုံနှင့် ကဏန်းတင်ပို့မှုလျော့နည်း တာကြောင့်ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၃၅တန်ကျော် လျော့ နည်း တင်ပို့ခဲ့ပါတယ်။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ကန် ဒေါ်လာသုည ဒသမ ၇၀၄ သန်းတန်ဖိုးရှိငါးမျိုးစုံ ၇၅၆ တန် ကျော်၊ ကျောက်ပုစွန် (ပဂဲ) ၂ တန်ကျော်၊ ကဏန်း ၁၇ တန်ကျော်၊ ဗီလား ၃ တန်နီးပါး၊ ငါးဆားနယ် ၆၄ တန်ကျော်၊ ကင်းမွန် ၁၅ တန်ကျော်နဲ့ ခရုခွံအနည်းငယ်တင်ပို့ခဲ့ပါတယ်။ ယခုအပတ်တွင် ယခင်အပတ်ကထက် ငါးမျိုးစုံ၊ ကျောက်ပုစွန် (ပဂဲ)၊ ကဏန်း၊ ဗီလား၊ ငါးဆားနယ်၊ ကင်းမွန်တို့ပိုမိုတင်ပို့ နိုင်တဲ့အပြင် ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိသော ခရုခွံ တင်ပို့နိုင်တာကိုတွေ့ရပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၈၃၄ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ကန်ဒေါ်လာ ၂ ဒသမ ၆၈၁ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၄၅၆ တန်ကျော်၊ ရေငန်ပုစွန် ၂၀ တန်ကျော်၊ ငါးမှုန့် ၃၇၇ တန်ကျော်၊ ကဏန်သေး (အသေ) ၅ တန်နီးပါး၊ အေးခဲပုစွန် ၆၁ တန် ကျော်၊ ကဏန်းပျော့ ၄၄ တန်၊ အေးခဲကင်းမွန် ၅၇ တန်နီးပါး၊ ပုစွန်ခြောက် ၇ တန်နီးပါး၊ ကင်းမွန်ပြုတ် ခြောက် ၁၀ တန်ကျော်၊ ငါးခြောက် ၅ တန်ကျော်၊ ရွံကဏန်း (အရှင်) ၁ တန်ခန့်၊ငါးအသားလွှာ ၂ တန်ခန့်၊ ငါးနီအသားလွှာ ၁ တန် နီးပါးနဲ့ ကဏန်းနီ ၆၆ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့နိုင်ခြင်းမရှိတဲ့ အေးခဲပုစွန်၊ ကဏန်းပျော့၊ အေးခဲကင်းမွန်၊ ပုစွန်ခြောက်၊ ကင်းမွန်ပြုတ် ခြောက်၊ငါးခြောက်၊ ရွှံ့ကဏန်း (အရှင်)၊ ငါးအသားလွှာ၊ ငါးနီ အသားလွှာ၊ ကဏန်းနီတို့ ပိုမို တင်ပို့နိုင်သော်လည်း ငါးမျိုးစုံ၊ ရေငန်ပုစွန်၊ ငါးမှုန့်တို့တင်ပို့မှုလျော့နည်းတာကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ပါက တင်ပို့နိုင်မှုသိသိသာသာ ပိုမိုခြင်း မရှိပါဘူး။ ထိုင်းနယ်စပ်တစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုလျှင် ယခု အပတ်မှာ ကန်ဒေါ်လာ ၃ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ရေ ထွက်ကုန် ၃၀၅၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့နိုင်မှု ပမာဏကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ပါက ၇၉၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်တွင် ရာသီဥတုသာယာ သဖြင့် ငါးဖမ်းလှေအဝင်များ တဲ့အတွက် ယခုကဲ့သို့ ပိုမိုခြင်း ဖြစ်ပါတယ်။MIRT (DOBT)