မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၆၁၁ သန်းတန်ဖိုးရှိ ဖရဲသီး ၁၀၆၃၆ တန်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၆၅၄ တန်သိသိသာသာပိုမိုတင်ပို့ခဲ့ပါတယ်။ မြင်းခြံ၊ မုံရွာ၊ ကျောက်ဆည်နဲ့မိတ္ထီလာဘက်က ဖရဲတွေဝင်နေတာဖြစ်ပါ တယ်။ ရာသီကုန်ဖရဲတွေ ဈေးကောင်းရပြီး အစေ့မဲ့တစ်တန် လျှင် ယွမ် ၄၀၀၀၊ ရိုးရိုးအဖြူ ယွမ် ၃၀၀၀ -၃၅၀၀ ဈေး ပေါက်တယ်လို့သိရပါတယ်။
ရာသီကုန်သခွားမွှေးတင်ပို့မှုကတော့ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၇၉ သန်းတန်ဖိုးရှိ သခွားမွှေး ၁၃၃၁ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်ကထက် ၁၇၉ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ သခွားမွှေး ၁ ကီလိုကို ၅ ဒသမ ၅ ယွမ်ဈေးပေါက်တယ်လို့သိရပါတယ်။ ရာသီစာတစ်မျိုးဖြစ်တဲ့ ဆီးသီးတင်ပို့မှုကတော့ ယခုအပတ်မှာကန်ဒေါ်လာ သုည ဒသမ ၁၂၆ သန်း တန်ဖိုးရှိ ဆီးသီး ၇၇၄ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်ကထက် ၃၀၄ တန်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။MIRT (DOBT)